
ဂျော်ဒန်နိုင်ငံရှိ အမေရိကန်စစ်စခန်းများကို အီရန်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းကို လက်စားချေသည့်အနေဖြင့်အမေ ရိကန်စစ်တပ်သည် ဇူလိုင် ၃၀ ရက်တွင် အီရန်အား ပြင်းထန်သောတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟုသိရသည်။
တိုက်ပွဲများ တစ်ပတ်နီးပါးကြာ ရပ်တန့်နေခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းစစ်ပွဲသည် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာသည်။
ပြန်လည်စတင်လာသည့်လက်နက်ကိုင်ပဋိပက္ခများတွင်အစ္စလာမ်မစ်သမ္မတနိုင်ငံ၏ လက်ဝေခံအဖွဲ့များပါ ပါဝင် လာခဲ့ပြီး ပြိုင်ဘက်နှစ်ဖက်စလုံး ဆွေးနွေးပွဲများ အမြန်ဆုံးပြန်လည်စတင်နိုင်မည်ဆိုသည့် မျှော် လင့်ချက်များကိုလည်း ပျက်ပြယ်သွားစေပုံရသည်။
အီရန်က ရက်ပိုင်းအတွင်း ဒေသတွင်း ပထမဆုံးတိုက်ခိုက်မှုအဖြစ် ဂျော်ဒန်သို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်ကို ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက် သွားမည်ဟု ကတိပြုပြောကြားခဲ့သည်။
အမေရိကန်တပ်ဖွဲ့များသည် “အီရန်ကို ပြင်းထန်သော တိုက်ခိုက်မှုများကို အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့သည”ဟု အမေရိကန် ဗဟိုစစ်ဌာနချုပ်(CENTCOM)က ပြောကြားခဲ့ပြီး စစ်ဘက်ဆိုင်ရာကွပ်ကဲ ရေးစခန်းများအပါအဝင် အစ္စလာမ်မစ်တော် လှန်ရေးအစောင့်တပ်(IRGC)၏ပစ်မှတ် ဒါဇင်ပေါင်းများစွာကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အီရန် အစိုးရပိုင် သတင်းအေဂျင်စီ IRNA ၏ ဖော်ပြချက်အရ အနောက်တောင်ပိုင်း ခုဇက်စတန်ပြည်နယ်ရှိ မြို့ပေါင်းများစွာနှင့် ပင်လယ်ကွေ့အတွင်းရှိ ကက်ရှ်မစ်ကျွန်းတို့တွင် တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။
ခုဇက်စတန်ပြည်နယ်ရှိ အာဘာဒန်၊ ရှားဒီဂန်၊ အာဗန်ကီနာနှင့် အာဗာဇ် မြို့များ၏ အနီးဝန်းကျင်ရှိဒေသများတိုက်ခိုက်ခံခဲ့ရကြောင်း ပြည်နယ်အာဏာပိုင်များ၏ပြောကြားချက်ကို ကိုးကား၍ IRNA သတင်းဌာနက ဖော်ပြခဲ့သည်။