Eleven Media Group

မြဝတီမြို့နယ် သဃ်န်းညီ​နောင်နှင့်ဖား​ချောင်းကျေးရွာသားများအား မြေငှားဂရမ်များ ပေးအပ်

ကရင်ပြည်နယ်၊ မြဝတီခရိုင် မြဝတီမြို့နယ် တွင် နိုင်ငံ​တော်အစိုးရ၏ ရက်တစ်ရာ စီမံချက် ဖြင့်​ဆောင်ရွက်​သော ကျေးရွာမြေငှားဂရမ်ပေးအပ်ပွဲအခမ်းအနားကို ဇူလိုင်လ ၃၀ ရက်နံနက် ၁ဝးဝဝနာရီခန့်က မြို့တော်ခန်းမ ( မြစန္ဒီခမ်းမ) ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

နိုင်ငံတော်အစိုးရ၏ရက် ၁၀၀ စီမံချက်ဖြင့်ဆောင်ရွက်သောကျေးရွာမြေငှားဂရမ်ပေးအပ်ပွဲ အခမ်းအနား သို့ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌဦးအေးမင်းထွေးတက်ရောက်ပြီးအဖွင့်အမှာ

စကားပြောကြားပေးသည်။ထို့နောက်ခရိုင်အုပ်ချုပ်ရေးမှူးဦးရဲလင်းမောင်က ရက် ၁ဝဝစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသောကျေးရွာမြေငှားဂရမ်ဆောင်ရွက်မှုများနှင့်ပတ်သက်၍ရှင်းလင်းတင်ပြပေးသည်။

ထို့နောက် မြဝတီမြို့နယ်သဃ်န်းညီနောင်နှင့်မဲကနယ်ကျေးရွာအုပ်စုတွင် ​နေထိုင်​သော ပြည်သူ ၂၆၀ ဦး၏ ခြံ​မြေ ငှားဂရမ်များ၊ဖားချောင်းကျေးရွာအုပ်စုတွင်​နေထိုင်​သော ပြည်သူ ၆၅ ဦးတို့ အား လွှတ်တော်ဒုဥက္ကဌနှင့် တာဝန်ရှိသူများက ကျေးရွာမြေငှားဂရမ်များကိုအသီးသီးပေးအပ်ခဲ့ရာ ​ကျေးရွာသွား ၂၁ဦးက တက်​ရောက်လက်ခံယူခဲ့​ကြောင်းသိရသည်။

ထို့နောက်ကျေးရွာမြေငှားဂရမ်ရရှိသူ သဃ်န်းညီ​နောင် ​ကျေးရွာသား ဦးသန်းထွန်းက ​ကျေးဇူးတင်စကား​ပြောကြားရာတွင် အ​ထောက်အထားမဲ့ ​နေလာခဲ့ကြသည့်ဘဝမှ ​မြေဂရမ်ပိုင်ဆိုင်မှုရရှိလာသည့်အတွက် ဘဝ ​နေထိုင်မှုတွင် ခိုင်မာမှု၊လုံခြုံမှု ရှိလာသည်ဟု ခံစားရ​ကြောင်း ​ပြောကြားခဲ့သည်။

ထို့​နောက် ဖား​ချောင်း​ကျေးရွာ၌​နေထိုင်သူ အမျိုးသမီး တစ်ဦးကလည်း ​မြေဂရမ်ရရှိ​ရေးအတွက်​ဆောင်ရွက်​ပေးကြသူအားလုံး ကို ကျေးဇူးတင်စကားများပြောကြားခဲ့ ​ကြောင်းသိရသည်။

ထို့​နောက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ​မြေငှား ဂရမ်ရရှိသူများ အမှတ်တရ ဓါတ်ပုံ ရိုက်ကြပြီး အခန်းအနားကိုနံနက် ၁၁ နာရီခွဲအချိန်တွင်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group