
PDF ပါဝင်သော လက်နက်ကိုင်အဖွဲ့စည်းအသီးသီးမှ လက်နက်ဖြင့်အလင်းဝင်လာသူ ၃၀၃ဦးကို မိဘထံပြန်လည်အပ်နှံပွဲအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် သြဂုတ်လ၁ရက်က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
PDF ပါဝင်သော လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးတွင်ရောက်ရှိနေသောသူများအား ဥပဒေဘောင်အတွင်းသို့ လက်နက်ခဲယမ်းများနှင့်အတူ ပြန်လည်ဝင်ရောက်လာသူများကို လက်ခံကြိုဆိုခြင်း၊ ဆုကြေးငွေထောက်ပံ့ခြင်းနှင့် မိဘထံပြန်လည်အပ်နှံပွဲကို မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အခမ်းအနားတွင် PDFပါဝင်သော ဒေသအသီးသီးမှ လက်နက်ကိုင်အဖွဲ့ ၄၅ဖွဲ့မှ ၃၀၃ဦး သည် ရိုင်ဖယ်အုပ်စုဝင်သေနတ် ၉လက်၊ လက်လုပ်သေနတ်၁လက်၊ ကျည်အိမ်မျိုးစုံ၁ရခု၊ ကျည်မျိုးစုံ ၆၇၈တောင့်၊ လက်ပစ်ဗုံးမျိုးစုံ ၁၂ခုတို့ဖြင့် အလင်းဝင်ရောက်လာခြင်းဖြစ်သည်။
အလင်းဝင်ရောက်လာသူများကို မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်မှ အမှာစကားပြောကြားခဲ့ပြီး ဆုကြေးငွေထောက်ပံ့ခြင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဌေးမှ အသိပညာပေးစကားပြောကြားခြင်းနှင့် လက်နက်အပ်နှံမှုများကိုလက်ခံကာ အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
" နိုင်ငံတော်အစိုးရရဲ့ဖြေလျှော့ပေးမှုနဲ့အတူ နိုင်ငံတော်ရဲ့စေတနာကိုနားလည်ကာ အမြင်မှန်ရလာပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် ပူးပေါင်းပါဝင်လိုကြတဲ့ PDFအဖွဲ့စည်းအသီးသီးမှ လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများနဲ့ဝင်ရောက်လာသူ ၃၀၃ဦးကို တိုင်းစစ်ဌာနချုပ်အနေနဲ့ ကြိုဆိုလက်ခံပြီးမိဘအုပ်ထိန်းသူများထံစနစ်တကျအပ်နှံကာ ဆုကြေးငွေပေးအပ်ခဲ့ပါတယ်။ ဒါကြောင့် လူငယ်မောင်မယ်များအနေဖြင့် နိုင်ငံတော်ရဲ့သဘောထားအမှန်ကိုသိရှိပြီး တရားဥပဒေဘောင်တွင်းဝင်ရောက်လာမှုကို နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါတယ်" ဟု မန္တလေးဝန်ကြီးချုပ် ဦးမျိုးအောင်က အခမ်းအနားတွင်ပြောကြားခဲ့သည်။
သြဂုတ်လ ၁ရက်နေ့ထိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ အလင်းဝင်ရောက်လာသူဥိီးရေ စုစုပေါင်း ၂၇၀၀ ဦးရှိပြီဖြစ်သည်။
#မန္တလေးမြို့ #PDF #elevennews