Myanmar National Post

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ထာဝရငြိမ်းချမ်းရေးဆုတောင်းပွဲ အခမ်းအနား ကျင်းပ ပြုလုပ်













ထားဝယ်၊ ဩဂုတ် ၂

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ထာဝရငြိမ်းချမ်းရေးဆုတောင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ က ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ဦးစွာ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအား အလေးပြုကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဇော်နိုင်ဦး က တိုင်းရင်းသား လူမျိုးများကိုးကွယ်သည့်ဘာသာ အလိုက် တစ်ခုချင်းစီ၏ အဆုံးအမများသည် မတူညီကြသော်လည်း အခြေခံ အနှစ်သာရတွင်မေတ္တာ၊ ကရုဏာ၊သည်းခံမှုနှင့် အပြန်အလှန်နားလည်မှုတို့အပြင်ဘုံရည်မှန်းချက်မှာ'ငြိမ်းချမ်းရေး'သာဖြစ်ကြောင်း၊ ယနေ့အခမ်းအနားသည် ငြိမ်းချမ်းရေး ၏တန်ဖိုး၊ စည်းလုံးညီညွတ်မှု၏အရေးပါမှုကို နားလည်ယုံကြည်သူများအားလုံးစုပေါင်းပြီး အနာဂတ်မျိုးဆက်သစ်များ အတွက်ထာဝရငြိမ်းချမ်းရေးအမွေများထားရစ်နိုင်ရေးဆိုသည့်ရည်မှန်းချက်များဖြင့်ဆောင်ရွက်သော အဓိပ္ပာယ်ပြည့်ဝသည့် အခမ်းအနားဖြစ်ကြောင်း၊ ဒါ့ကြောင့် ကိုးကွယ် ယုံကြည်မှု ကွဲပြားသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အကြား Unity in Diversity, Peace in Diversity ကိုတည်ဆောက်ကြရမှာ ဖြစ်ကြောင်း၊ငြိမ်းချမ်းရေးဖော်ဆောင်ခြင်းသည် လူတစ်ဦးတစ်ယောက်၊အဖွဲ့အစည်းတစ်ခုတည်း၏တာဝန်သာမဟုတ်ဘဲ နိုင်ငံသားတိုင်းပါဝင်တည်ဆောက်ရမည့်အမျိုးသား ရေးတာဝန်တစ်ရပ်လည်းဖြစ်ကြောင်း၊ ယနေ့အခမ်းအနားမှတစ်ဆင့်ငြိမ်းချမ်းရေးအတွက် ဆုမွန်ကောင်းတောင်းရုံ သာမက မိမိတို့နေ့စဉ်ဘဝတွင်လည်းငြိမ်းချမ်းရေးတန်ဖိုးများကိုလက်တွေ့ ကျင့်သုံး သွားကြရန် လိုအပ်ကြောင်း ၊ ယနေ့ ဘာသာရေး အသင်းအဖွဲ့အလိုက်ပို့သသောမေတ္တာလှိုင်းများ၊ဆုတောင်းသံများတနင်္သာရီတစ်တိုင်းလုံးလွှမ်းခြုံ  ပျံ့နှံ့ပါစေ၊ယခု ဆုတောင်း မေတ္တာများကြောင့်မြန်မာနိုင်ငံကြီး ငြိမ်းချမ်းပါစေ၊ မြန်မာပြည်၏ထာဝရ ငြိမ်းချမ်းရေးအသီးအပွင့်များကမ္ဘာတစ်ဝန်း ပျံ့နှံ့ပါ စေကြောင်း ဆုတောင်း မေတ္တာ ပို့သပြီး ငြိမ်းချမ်းရေးဖယောင်းတိုင်အားထွန်းညှိပေးသည်။

ထို့နောက် တက်ရောက်လာသူများအား ထားဝယ်ရိုးရာရေအိုးရွက်အက၊ ကရင်ရိုးရာယဉ်ကျေးမှုအကများ ဖြင့် ဖျော်ဖြေတင်ဆက်ကာ ( ဗုဒ္ဓ၊ အစ္စလာမ်၊ ဟိန္ဒူ၊ ခရစ်ယာန်)ဘာသာဝင် ကိုယ်စားလှယ်များက အသီးသီး ငြိမ်းချမ်းရေး ဆုတောင်းပေးကြ သည်။

ဆက်လက်၍ ဝန်ကြီးချုပ် က အခမ်းအနားသို့ တက်ရောက်လာသည့် ဘာသာပေါင်းစုံမှ ကိုယ်စားလှယ်များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

အခမ်းအနားသို့ ဝန်ကြီးချုပ်၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ၊ တရားလွှတ်တော်တရားသူကြီးချုပ်၊ ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဘာသာပေါင်းစုံမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။


#MNP #News

မူရင်းသတင်း — Myanmar National Post