Eleven Media Group

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် EV ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ သစ်ပင်နှင့်တိုက်မိမှု ဖြစ်ပွားပြီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိ

ဓာတ်ပုံ- အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် EV ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ သစ်ပင်နှင့်တိုက်မိမှု ဖြစ်ပွားပြီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့၏

ထုတ်ပြန်ချက်အရ သိရသည်။

သြဂုတ် ၁ ရက် ညနေ ၆ နာရီခွဲခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၂/၇- ၂၃/ဝကြား (ရန်ကုန် မှ နေပြည်တော်သို့)(အသွားလမ်း) တွင် ယာဉ်မောင်းပါ ကျား(၂)ဦး၊မ(၂)ဦး စုစုပေါင်း (၄)ဦး စီးနင်းလာသည့် ZEEKR EV အမျိုးအစား ခဲစိမ်းရောင် ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်သို့ ပါသွားခဲ့ပြီး သစ်ပင်နှင့်တိုက်မိပြီး‌နောက် ယာဉ်မှာ လမ်းယာဘက်ခြမ်းတွင်ရောက်ရှိခဲ့ရပ်တန့်သော ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းသို့ တိုက်မိမှု ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါလာသူ(၄)ဦးအနက် မ(၁)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သောကြောင့် ယာဉ်မောင်းများအနေဖြင့် မိမိယာဉ်၌ ဘရိတ်မိ/မမိ, တာယာများပန်းရှိ/မရှိ, တာယာထုတ်လုပ်မှုသက်တမ်း၃နှစ်ကျော်/မကျော်, ရှေ့မီးကြီး/ နောက်ဘရိတ်မီး/ အချက်ပြ မီးများ ကောင်း/မကောင်းစစ်ဆေးပြုပြင်ပြီးမှ သာမောင်းနှင်ကြပါ ရန်နှင့် ယာဉ် အမျိုးအစားအလိုက် သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်ခြင်း မပြုကြပါရန်၊ မိုးရွာနေပါက သတ်မှတ်နှုန်းအောက်လျှော့ချ၍ဂရုစိုက်မောင်းကြပါရန် သတိပေးအပ်သည်။

မူရင်းသတင်း — Eleven Media Group