Myanmar National Post

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ လာရောက် တွေ့ဆုံ





နေပြည်တော်၊ ဩဂုတ် ၃

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က ယနေ့ နံနက်ပိုင်းတွင် လာရောက် တွေ့ဆုံခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး က သတင်းထုတ်ပြန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည် သည် အာဏာရှိစဉ်က အဂတိလိုက်စားမှုများ ကျူးလွန်ခဲ့ခြင်းကြောင့် ပြစ်ဒဏ်ကျခံနေရခြင်းဖြစ်ပြီး နိုင်ငံတော်မှ ပြစ်ဒဏ်အချို့ကို လျှော့ပေါ့ပေးထားသည်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် ပြောဆိုမှုများ ရှိခဲ့သော်လည်း တွေ့ဆုံရန် ခွင့်ပြုပေးခြင်း မရှိခဲ့ဘဲ ယခုအခါ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque ကို တွေ့ဆုံခွင့် ပေးခဲ့ခြင်း ဖြစ်သည်။


#MNP #News

မူရင်းသတင်း — Myanmar National Post