၂၀၂၆ အာဆီယံ ချန်ပီယံရှစ် (ASEAN Hyundai Cup 2026) ပြိုင်ပွဲ၏ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းတွင် မြန်မာအမျိုးသား လက်ရွေးစင်အသင်း တိုက်စစ်မှူး ဝင်းနိုင်ထွန်းသည် သွင်းဂိုး ၄ ဂိုးဖြင့် အင်ဒိုနီးရှား တိုက်စစ်မှူး မစ်ချ် ဘေးကာ (Mitch Baker) နှင့်အတူ ပူးတွဲ ဦးဆောင်လျက်ရှိသည်။
လက်ရှိ ကျင်းပနေသည့် အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲတွင် မြန်မာတိုက်စစ်မှူး ဝင်းနိုင်ထွန်းနှင့် အင်ဒိုနီးရှား တိုက်စစ်မှူး မစ်ချ် ဘေးကာတို့သည် ၄ ဂိုးစီ သွင်းယူထားနိုင်ကြပြီး အဓိက ဂိုးသွင်းဘုရင်ဆုအတွက် အပြိုင်ဖြစ်နေကြခြင်း ဖြစ်သည်။
ထို့အပြင် မြန်မာအသင်းမှ အခြားတိုက်စစ်မှူးတစ်ဦးဖြစ်သူ သန်းပိုင်သည်လည်း သွင်းဂိုး ၃ ဂိုး သွင်းယူထားပြီး ဗီယက်နမ် တိုက်စစ်မှူး ငုယင်ဒင်းဘက် (Nguyen Dinh Bac)၊ မလေးရှား ကစားသမား ပေါ်လို ဂျိုဆူးအယ် (Paulo Josue) တို့နှင့်အတူ ဒုတိယ ဂိုးသွင်းအများဆုံး ကစားသမားများအဖြစ် ပူးတွဲ ရပ်တည်နေကြသည်။