ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် ၌ဖြစ်ပွားခဲ့သော ငဝန်ရေကာတာ တာဘောင်ကျိုးမှုကြောင့် လေးမျက်နှာ -အိုင်သပြု-ငါးသိုင်းချောင်းသွားကားလမ်း၏ မိုင်တိုင်အမှတ် ၅/၀ နှင့် ၅/၁ ကြားရှိ အလျား(၁၅)ပေ၊ အနံ(၁၂) ပေ၊ အကျယ်(၈)ပေရှိ တံတားအမှတ် (၁/၆)သည် သြဂုတ် ၃ ရက်ကရေ တိုက်စားမှုကြောင့်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ရေပြန်လည်ကျဆင်းသွားချိန်၌ ဖြတ်သန်းသွားလာမည့်သူများ၊ မော်တော်ယာဥ်များအဆင်ပြေစေရေးအတွက် တိုင်းအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ယာယီဘေလီတံတားတစ်စင်းအား အမြန်ဆုံးတည်ဆောက်ခဲ့ကြကြောင်း သိရသည်။
လက်ရှိအချိန်၌ ယာယီဘေလီတံတားကို အချိန်မှီတည်ဆောက်ပြီးဖြစ်၍ ဖြတ်သန်းသွားလာမည့်သူများ အဆင် ပြေစွာသွားလာနိုင်ပြီဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ကအသိပေးထားကြောင်း သိရသည်။