Eleven Media Group

■ ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် စတင်ထွက်ခွာ

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန် ၏ ဖိတ်ကြားချက်အရ ယနေ့(သြဂုတ် ၆ ရက်)နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် စတင်ထွက်ခွာပြီဖြစ်သည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန် ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် သြဂုတ် ၆ ရက်မှ ၇ ရက်အထိ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်မည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား ထိုင်းဝန်ကြီးချုပ် အနုထင် ချာဝီရကွန် (Anutin Charnvirakul) က ကြိုဆိုနှုတ်ဆက်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေးကို ခိုင်မာစေရန်နှင့် အာဆီယံ မူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခြင်းနှင့် မြန်မာ-ထိုင်း စီးပွားရေးဖိုရမ် ၂၀၂၆ ကိုလည်း တက်ရောက်ရန်ရှိကြောင်းလည်း သိရသည်။

မူရင်းသတင်း — Eleven Media Group