Eleven Media Group

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းဘုရင့်နန်းတော်ဝန်းအတွင်းရှိ မြဘုရားသို့ သွားရောက်ဖူးမြော်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းဘုရင့်နန်းတော်ဝန်းအတွင်းရှိ မြဘုရားသို့ သွားရောက်ဖူးမြော်ခဲ့သည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန် ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့(သြဂုတ် ၇ ရက်)နံနက်ပိုင်းတွင် ထိုင်းဘုရင့်နန်းတော်သို့ သွားရောက်ခဲ့၍ နန်းတော်ဝန်းအတွင်းရှိ မြဘုရား( Temple of Emerald Buddha)သို့ သွားရောက်ဖူးမြော်ခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန် ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် သြဂုတ် ၆ ရက်မှ ၇ ရက်အထိ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေခြင်း ဖြစ်သည်။

ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန် တို့ သီးသန့်တွေ့ဆုံဆွေးနွေးခြင်း၊ မြန်မာ-ထိုင်း နှစ်နိုင်ငံ ဆွေးနွေးပွဲကျင်းပခြင်းများကို ဆောင်ရွက်ခဲ့သည်။

ထို့အပြင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာကြသည့် တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံ တာဝန်ရှိသူများသည် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား စာချွန်လွှာများ လက်မှတ်ရေးထိုးလဲလှယ်ခြင်းကို ဆောင်ရွက်ခဲ့သည်။

ထို့အတူ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ​မြန်မာ-ထိုင်း စီးပွားရေးဖိုရမ် ၂၀၂၆ သို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group