မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ကားလမ်းမကြီးပေါ်၌ ယနေ့ သြဂုတ် ၇ ရက်နံနက် ၆ နာရီခွဲခန့်မှစတင်ကာ ရေကျော်မှုဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
မတ္တရာမြို့နယ်ရှိ တံငါချောင်းမကြီးမှရေလျှံပြီး ကားလမ်းမကြီး၏ မိုင်တိုင်အမှတ် ၂၅/၁ နှင့် ၂၅/၆ ကြားတွင်လမ်းမပေါ်ရေကျော်နေသဖြင့် မတ္တရာမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီအသင်းဝင်များက ခရီးသွားလာသူများအဆင်ပြေစေရန်ကူညီပေးလျက်ရှိကြောင်း သိရသည်။