Eleven Media Group

နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာသင်များအား တွေ့ဆုံ၍ သြဝါဒစကား ပြောကြား

ထိုင်းနိုင်ငံသို့ တရားဝင် ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာသင်များအား တွေ့ဆုံ၍ သြဝါဒစကား ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့(သြဂုတ် ၇ ရက်)တွင် ဘန်ကောက်မြို့ရှိ မြန်မာသံရုံး၌ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပညာသင်များနှင့် တွေ့ဆုံ၍ ဩဝါဒစကား ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲ့သို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာကြသည့် တာဝန်ရှိသူများနှင့် မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပညာသင်များ တက်ရောက်ကြသည်။

မူရင်းသတင်း — Eleven Media Group