Myanmar National Post

နောင်ချိုမြို့နယ် ဂုတ်တွင်းလမ်းပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့်သစ်ပင်လဲကျ၊ ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး အချိန်မီရှင်းလင်းဆောင်ရွက်



နောင်ချို၊ ဩဂုတ်  ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မန္တလေး-လားရှိုး-မူဆယ်လမ်းပိုင်းအတွင်း ဩဂုတ် ၉ ရက် နံနက် ၇ နာရီခန့်က  သစ်ပင်တစ်ပင်လဲကျသဖြင့် အချိန်မီရှင်းလင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ သစ်ပင်မှာ မန္တလေး-လားရှိုး-မူဆယ်လမ်းပိုင်း ၆ ကွေ့နှင့် ၇ ကွေ့ကြား မိုင်တိုင် ၈၃/၀-၈၃/၁အတွင်း လဲကျခဲ့ခြင်းဖြစ်သည်။ ၎င်းသစ်ပင်လဲကျမှုကြောင့် ယာဉ်ကြောပိတ်ဆိုမှုမရှိကြောင်းနှင့် သစ်ပင်ကြီးအား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ အချိန်မီရှင်းလင်းလျက်ရှိကြောင်းလမ်းဦးစီးဌာနမှ သိရသည်။


#MNP #News

မူရင်းသတင်း — Myanmar National Post