




ပခုက္ကူ၊ ဩဂုတ် ၉
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ဘာသာရပ်ပေါင်းစုံ ကာယအလှမယ်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကို ယနေ့နံနက်၁၀နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပ ပြုလုပ်သည်။
ရှေးဦစွာ ပခုက္ကူတက္ကသိုလ်အနုပညာအသင်းဝင် ကျောင်းသား ကျောင်းသူများ၏ အညာရဲ့တမာတက္ကသိုလ်တေးသီချင်း ဖျော်ဖြေမှုဖြင့် အခမ်းအနားဖွင့်လှစ်ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်နိုင်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ထို့နောက် ပခုက္ကူတက္ကသိုလ်ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ဘာသာရပ်ပေါင်းစုံကာယအလှမယ် ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များအကြောင်းရှင်းလင်းပြောကြားပြီး (၂၆)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊က၊ရေး၊တီး ပြိုင်ပွဲ မကွေးတိုင်းဒေသကြီးအဆင့် ဆုရှင်များ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေ ကြသည်။
ဆက်လက်၍ ပခုက္ကူတက္ကသိုလ်၊ ၂၀၂၅-၂၀၂၆ပညာသင်နှစ်ဘာသာရပ်ပေါင်းစုံမှကျောင်းသူ၁၂ဦးတို့က ကာယအလှမယ် ပြိုင်ပွဲယှဉ်ပြိုင်ကြရာ အကဲဖြတ်ဒိုင်အဖွဲ့က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းချက်များနှင့်အညီအမှတ်ပေးရွေးချယ်ကြပြီး ဆုရရှိသူ အလှမယ်များအား ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာကိုတင်နှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)
#News #Myanmar