Eleven Media Group

ရွှေညောင်မြို့တွင်  ခိုးယူခံရသော ဆိုင်ကယ်အား ဆိုင်ကယ်ခိုးယူသူနှင့်အတူ ဖမ်းဆီးရမိ

ရွှေညောင်မြို့တွင် ခိုးယူခံရသော ဆိုင်ကယ်အား ဆိုင်ကယ်ခိုးယူသူဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိကြောင်း ရွှေညောင်မြို့ရဲတပ် ဖွဲ့မှ သိရသည်။

သြဂုတ်လ ၉ရက် မနက် ၅ နာရီတွင်တောင်ကြီးမြို့နယ် ရွှေညောင်မြို့တွင် ခိုးယူခံရသော ဆိုင်ကယ်အား ခိုးရာပါဆိုင်ကယ်နှင့်အတူ ရွှေညောင်မြို့ရဲတပ် ဖွဲ့ဝင်များ၏ စုံစမ်းဖော်ထုတ်မှုကြောင့် ပြန် လည် ရရှိခဲ့ကြောင်း သိရှိရသည် ။

ဖြစ်စဉ်မှာ ရွှေညောင်မြို့ မင်္ဂလာရွှေဗဟိုရ်ရပ်ကွက် နယ်မြေ(၁)နေ ဦးနေဝင်းသည် သြဂုတ်လ ၈ရက် ၊ နေ့လည် ၂ နာရီခန့်တွင် ၎င်းပိုင်ဆိုင်သည့် SHN - 88W -5814 နံပါတ်ပါ Kamax-110 အမျိုးအစား ခဲ(နက်/စိမ်း)ရောင် ဆိုင်ကယ်အား နေအိမ် ၏ အနောက်ဖက် ကားဂိုဒေါင်ထဲတွင် ဇက်သော့ခတ်၍ရပ်ထားခဲ့ပြီး ဆိုင်ကယ် သော့အား ကားဂိုဒေါင်ထဲတွင်ထားရှိသည့် ကြောင်အိမ်ဗီရိုအတွင်း ချိတ်ထားခဲ့ရာ၌ သြဂုတ် ၉ ရက်နေ့ နံနက် (၅)နာရီခန့်တွင် နေအိမ်ခြံဝန်းတံခါး ဖွင့်သံကြားသဖြင့် ၎င်းမှထကြည့်ခဲ့ရာ ကားဂိုထောင်ထဲတွင် ဇက်သော့ခတ်၍ ထားရှိခဲ့သည့် ဆိုင်ကယ်အား မတွေ့ရှိသဖြင့် ဆိုင်ကယ်ခိုးယူသူအား ဥပဒေအရစုံစမ်းဖော်ထုတ်အရေးယူပေးရန် ရွှေညောင်နယ်မြေခံရဲစ ခန်းသို့ တိုင်ကြားထားခြင်းဖြစ်ကြောင်းသိရှိရပါသည် ။

ဆိုင်ကယ်ခိုးယူသူအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ရွှေညောင်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် သက်သေများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဦးနေဝင်း၏ နေအိမ်နှင့် ရွှေညောင်မြို့ပေါ်တွင် တပ်ဆင်ထားသည့် CCTV မှတ်တမ်းများအား စစ်ဆေး ဆောင်ရွက်ခဲ့ရာတွင် ဆိုင်ကယ်အားခိုးယူသွားသူမှာ စိုင်းအောင်လှိုင်မြင့်လမ်းအတိုင်း ပြည်ထောင်စုလမ်းမကြီးပေါ်သို့ တက်၍ ဟဲဟိုးမြို့ဘက်သို့ မောင်းနှင်သွားကြောင်း CCTV မှတ်တမ်း များအရ သိရှိ ရသဖြင့် ဆက်လက်စုံစမ်းရှာဖွေခဲ့ရာ ဆိုင်ကယ်ခိုးယူသွားသူမှာ ရွှေညောင်မြို့ ၊တောင်လေးလုံးကျေးရွာအုပ်စု၊ ဥမှင် ကျေးရွာနေ ဇင်မျိုးအောင်၊ ၂၂ နှစ်၊ (ဘ) ဦးဖိုးပါ၊ ဖြစ်ကြောင်း စုံစမ်းသိရှိရ၍ ၎င်း နေအိမ်သို့ သွားရောက်ဖမ်းဆီးခဲ့ရာ ဇင်မျိုးအောင်အား SHN 88W-5814 နံပါတ်ပါ Kamax-110 အမျိုးအစား ခဲ(နက်/စိမ်း) ရောင် ဆိုင်ကယ်နှင့်အတူ သြဂုတ်လ (၉) ရက်နေ့ မွန်းလွဲ(၁း၃၀)နာရီအချိန်တွင် ၎င်း ၏နေအိမ်တွင် တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် SHN 88W-5814 နံပါတ်ပါ Kamax-110 အမျိုးအစား ခဲ(နက်/စိမ်း)ရောင်ဆိုင်ကယ်နှင်အတူ တွေ့ရှိခဲ့ရကြောင်း သိရှိရပါသည် ။

စစ်ဆေးပေါ်ပေါက်ချက် ဆိုင်ကယ်ခိုးယူသူ ဇင်မျိုးအောင် သည် ၉-၈-၂၀၂၆ ရက်နေ့ နံနက် (၅)နာရီအချိန်ခန့်တွင် အခင်း ဖြစ်သည့် နေအိမ်ရှေ့သို့ရောက်သည့်အခါ နေအိမ်ခြံစည်းရိုးအားကျော်တတ်ပြီး SHN 88W-5814 နံပါတ်ပါ Kamax-110 အမျိုးအစား ခဲ(နက်/စိမ်း)ရောင်ဆိုင်ကယ်ရပ်ထားသည့် ကားဂိုထောင် အတွင်းသို့ ဝင်ရောက်၍ ကားပစ္စည်း များထားသည့် ကြောင်အိမ်ဘီဒိုအတွင်းမှ ဆိုင်ကယ်သော့နှင့် ခြံဝန်းတံခါးသော့အား ယူဆောင်ကာ ဆိုင်ကယ်အား ခိုးယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရှိရပါသည် ။

ရွှေညောင်နယ်မြေခံရဲစခန်းတွင် ဆိုင်ကယ်ခိုးယူသူ ဇင်မျိုးအောင်အား ဆက်စပ် ခိုးယူမှုများနှင့် သက်သေခံပစ္စည်းများ ပြန်သိမ်းဆည်းရမိနိုင်ရေးအတွက် အမှုဖွင့် အရေးယူဆောင်ရွက်ပြီး အသေးစိတ် ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

မူရင်းသတင်း — Eleven Media Group