Eleven Media Group

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေးနှင့် အလယ်တန်းပညာရေး အတန်းနေရာချထားမှုစာမေးပွဲတွင် ဖြေဆိုသူ မူလတန်းကျောင်းသား ၆၉၃ ဦးနှင့် အလယ်တန်းကျောင်းသား ၁၆၆၂ ဦးရှိ

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေးနှင့် ကျောင်းပြင်ပအလယ်တန်းပညာရေး အတန်းနေရာချထားမှုစာမေးပွဲတွင် ဖြေဆိုသူ မူလတန်းကျောင်းသား ၆၉၃ ဦးနှင့် အလယ်တန်းကျောင်းသား ၁၆၆၂ ဦးရှိကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကျောင်းပြင်ပရောက် ကလေးများအတွက် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေးနှင့် ကျောင်းပြင်ပအလယ်တန်းပညာရေးအတန်းနေရာ ချထားမှုစစ်ဆေးခြင်း (Placement Test) စာမေးပွဲကို ကျင်းပဆောင်ရွက်လျက်ရှိရာ ကျောင်းပြင်ပရောက် မူလတန်းကျောင်းသား ၆၉၃ ဦးနှင့် အလယ်တန်းကျောင်းသား ၁၆၆၂ ဦးတို့ လာရောက်ဖြေဆိုကြကြောင်း သိရသည်။

အဆိုပါ Placement Test စာမေးပွဲကို သြဂုတ် ၁၀ ရက် နံနက် ၉ နာရီတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ သတ်မှတ်ထားသော စာဖြေဌာနများ၌ ကျင်းပခဲ့သည်။

တောင်ငူမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ ဖြေဆိုနေမှုများကို ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ပဲခူးတိုင်းဒေသကြီးပညာရေးမှူးတို့က လှည့်လည်ကြည့်ရှုအားပေး၍ စာမေးပွဲဖြေဆိုပြီးချိန်တွင် ကျောင်းသား ကျောင်းသူများအတွက် အချိုရည်နှင့်စားသောက်ဖွယ်ရာများပေးဝေကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group