မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ မြောက်ကိုင်းကျေးရွာအတွင်း ရွာသားများ မောင်းနှင်လာသည့် စက်လှေတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ စက်လှေပေါ်ပါ လူ ၆ ဦးအား အသက်ရှင်လျက် ကယ် ဆယ်နိုင်ခဲ့ကြောင်း မဏိစလ လူမှု/နာမှု ကူညီရေးအသင်းထံက သိရသည်။
ဖြစ်စဉ်အတွင်း အမျိုးသား ၃ ဦး၊ က လေးငယ် ၁ ဦး၊ အမျိုးသမီး ၂ ဦးတို့ကို ကယ်ဆယ်နိုင်ခဲ့ပြီး အမျိုးသမီးတစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိခဲ့ကြောင်း သိရသည်။
ကယ်ဆယ်ရရှိသူများအနက် စိုးရိမ်ရသည့် အမျိုးသမီးတစ်ဦးနှင့် အခြားအမျိုးသမီးတစ်ဦးတို့အား ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စက်လှေတိမ်းမှောက်မှု ဖြစ်စဉ်တွင် ကယ်ဆယ်ရေးလုပ်ငန်းများကို လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – မဏိစလ လူမှု/နာမှု ကူညီရေးအသင်း