
JORAKAY Tiler X Season 2 The Next X-Tiler Craftsman Championship ပွဲအခမ်းအနားကို ဩဂုတ်လ (၁)ရက်က ရန်ကုန် ၊ Yangon Convention Center မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ကြွေပြားကပ်ဆန်းသစ်တီထွင်မှုနဲ့ ဘက်စုံသုံး ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်း ထုတ်လုပ်မှုပိုင်းမှာ ထိုင်းနိုင်ငံရဲ့ ဦးဆောင်သူဖြစ်တဲ့ Jorakay Corporation Co.,Ltd ဟာ ဒေသတွင်းက ကျွမ်းကျင်လုပ်သားတွေကို မြေတောင်မြှောက်ပေးဖို့နဲ့ ဆောက်လုပ်ရေးစံနှုန်းတွေကို မြှင့်တင်ပေးဖို့အတွက် JORAKAY Tiler X Season 2 The Next X-Tiler Craftsman Championship ပွဲကို ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ပွဲစဉ်မှာ
ချန်ပီယံဆုတွေကို ထိုက်ထိုက်တန်တန်နဲ့ ဂုဏ်ယူဝံကြွားစွာ ဆွတ်ခူးသွားနိုင်ခဲ့တဲ့ Myanmar’s Tiler X Season 2 ရဲ့ ချန်ပီယံတွေထွက်ပေါ်လာပါပြီ။
ချန်ပီယံဆုတွေကို သိမ်းပိုက်သွားနိုင်ခဲ့တဲ့ အသင်း (၃) သင်းကတော့
ပထမဆု မိုးပြာရောင်အဖွဲ့ ၊ ဒုတိယဆု : အဖြူရောင်အဖွဲ့ ၊ တတိယဆု ရွှေရောင်အဖွဲ့ တို့ပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အောင်မြင်စွာ ကျင်းပပြုလုပ်ပြီးတဲ့နောက်မှာတော့ JORAKAY Tiler X Season 2 ပြိုင်ပွဲကြီးကို ဗီယက်နမ်နိုင်ငံနဲ့ လာအို နိုင်ငံတွေမှာ ဆက်လက် ကျင်းပသွားမှာ ဖြစ်ပါတယ်။
#JorakayTilerX2026 #Jorakay #CraftsmanChampionship #TheNextX_Tiler #ASEANTiler