Popular Myanmar

ဂျပန်၌ကျင်းပမည့် U12 Junior Soccer World Challenge 2026 တွင် ယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၂ အသင်း အဆင်သင့်ဖြစ်နေ

ရန်ကုန်၊ ဩဂုတ် ၁၁
ဂျပန်နိုင်ငံ Chiba Prefecture ၌ ဩဂုတ် ၂၁ ရက်မှ ၂၄ ရက်အထိ ကျင်းပမည့် U12 Junior Soccer World Challenge 2026 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၂ လူငယ်ဘောလုံးအသင်း အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ယနေ့တွင် အသိပေးထုတ်ပြန်သည်။

မြန်မာ ယူ-၁၂ အသင်းအနေဖြင့် အဆိုပါပြိုင်ပွဲတွင် စတုတ္ထအကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ယခုနှစ်တွင် Group I ၌ ဂျပန်မှ Urawa Red Diamonds Junior၊ FC LIBERTA Fukuoka U-12၊ Shonan Bellmare Academy အသင်းတို့နှင့် အုပ်စုအဆင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် အသင်းပေါင်း ၄၀ ပါဝင်မည်ဖြစ်ပြီး Group A မှ Group J အထိ အုပ်စု ၁၀ စုခွဲ၍ တစ်အုပ်စုလျှင် အသင်း ၄ သင်းစီ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်ဟု အသိပေးဖော်ပြထားသည်။

မြန်မာ ယူ-၁၂ အသင်းအတွက် ယခုနှစ်ပြိုင်ပွဲသည် နိုင်ငံတကာအဆင့် လူငယ်အသင်းများနှင့် ယှဉ်ပြိုင်ကစားခွင့်ရရှိမည့် အရေးပါသည့် အတွေ့အကြုံတစ် ရပ်ဖြစ်သကဲ့သို အနာဂတ်မြန်မာ့ဘော လုံးအတွက် လူငယ်ကစားသမားများ၏ အရည်အသွေးနှင့် အတွေ့အကြုံများ တိုး တက်လာစေရန် အခွင့်အရေးကောင်းတစ်ရပ်လည်း ဖြစ်လာမည်ဖြစ်သည်ဟုဆိုထားသည်။

ထိုကြောင့် မြန်မာ ယူ-၁၂ လူငယ်ကစား သမားများအနေဖြင့် ဂျပန်မြေတွင် နိုင်ငံ တကာအတွေ့အကြုံသစ်များ ရယူကာ အိပ်မက်များကို အကောင်အထည်ဖော်နိုင်ရန် ပြိုင်ပွဲအတွက် အသင့်ပြင်ဆင်ထားကြပြီဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Popular Myanmar