Popular Myanmar

အမရပူရမြို့နယ်မှ ရေဘေးသင့်သူ(၂)ထောင်ဦးခန့်အား ထောက်ပံ့ပစ္စည်းများပေး

မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် ဒုဋ္ဌဝတီမြစ်ရေမြင့်တက်မှုကြောင့် ကျေးရွာ(၁၄)ရွာအတွင်းရှိ နေအိမ်များနှင့် လမ်းများပေါ်သို့ ရေဝင်ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဖြစ်ပေါ်လျက်ရှိ၍ တောင်ကိုင်းကျေးရွာအုပ်စု၊ ကင်းဘက်ကျေးရွာ အုပ်စု၊ တလင်းကြီးကျေးရွာအုပ်စု၊ နတ်ရေကန်ကျေးရွာအုပ်စု၊ ဆေးအိုးဘိုကျေးရွာအုပ်စု၊ ဥယျာဉ်တော်ကျေးရွာ အုပ်စု၊ ဘုန်းတော်နိုင်ငံကျေးရွာအုပ်စု၊ ဖရဲကျွန်းကျေးရွာအုပ်စု၊ ရွှေကြက် ယက်ကျေး ရွာအုပ်စုတို့မှ ကျေးရွာ (၁၄)ရွာတွင်နေထိုင်သော ရေဘေးသင့်သူ(၁၉၈၇)ဦးအား ရေဘေးလွတ်ကင်းရာသို့ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

အဆိုပါ ရေဘေးသင့်သူများကို မန္တလေးတိုင်းဝန်ကြီး ချုပ်ဦးမျိုးအောင်က သြဂုတ် ၁၁ ရက်တွင် မြအင်းကျေးရွာရှိ မြရိပ်စိုဓမ္မာရုံ၌တွေ့ဆုံကာ အားပေးစကား ပြောကြားပြီး ထောက်ပံ့ရေးပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်၊
 
ထို့ပြင် တိုင်းဝန်ကြီးချုပ်က မြစ်ရေဝင်ရောက်ခဲ့သည့် ကျေးရွာအုပ်စုများအတွင်း ရေပြန်လည်ကျဆင်းနေမှု၊ ရန်ကုန်-မန္တလေးကားလမ်းရှိ မြစ်ငယ်တံတားကြံ့ခိုင်မှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Popular Myanmar