Popular Myanmar

ငဝန်တာတမံပြုပြင်ရာ၌ ​Sheet Pile ရိုက်ရမည့် သံချောင်း(၂၈၆)ချောင်းအနက် ယ​နေ့ သြဂုတ် ၁၂ ရက်အထိ (၇၂)ချောင်းရိုက်သွင်းပြီးဖြစ်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာတမံနိမ့်ကျ၍ ရေကျော်စီးဝင်ခဲ့သည့်နေရာအား ​ဆောက်လုပ်​ရေးဝန် ကြီးဌာနမှစီမံကြီးကြပ်၍  Sheet Pile ရိုက်၍ ကာရံခြင်းလုပ်ငန်းများအား အ ချိန်တိုအတွင်းပြီးစီးနိုင်​ရေးအတွက်အ ရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ Sheet Pile ရိုက်ရာတွင် ရိုက်ရမည့် သံချောင်းအရေအတွက်(၂၈၆) ချောင်းအနက် ယနေ့ သြဂုတ် ၁၂ ရက်အထိ သံချောင်း(၇၂)ချောင်းကိုရိုက်သွင်းပြီးဖြစ်ကာ Sheet Pile ဆက်ခြင်းလုပ်ငန်းများကိုဆက်လက်​ဆောင် ရွက်​လျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများကို လူအင်အား၊ စက်ယာဉ်/ယန္တ ရားများဖြင့် ​နေ့ညမပြတ်အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Popular Myanmar