Eleven Media Group

■ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူးတို့  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများထောက်ပံ့ပေးနိုင်ရေး၊ ဒေသတွင်း လူမှုစီးပွားဘဝ မြှင့်တင်ရေးနှင့် ပတ်သက်သည့်အစီအစဉ်များဆွေးနွေး

မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူးတို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများထောက်ပံ့ပေးနိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအကောင်အထည်ဖေါ်ရေး၊ ဒေသတွင်း လူမှုစီးပွားဘဝ မြှင့်တင်ရေးနှင့် ပတ်သက်သည့်အစီအစဉ်များဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၁၀) ရက်နေ့ မွန်းလွဲပိုင်းအချိန်က မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမဆောင်၍ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဝင်းသန်း ဦးဆောင်သည့် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Ms. Gwyn Lewis တွေ့ဆုံကာ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကူညီဆောင်ရွက်ပေးနိုင်သည့်အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ဘက်မှ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ခရီးသွားလာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး၊ ကျန်းမာရေးနှင့် ကဏ္ဍနှင့် သက်ဆိုင်သည့် လုပ်ငန်းများအပါအဝင် အရေးကြီးသည့် ကဏ္ဍများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။

ထို့နောက် ကုလသမဂ္ဂအဖွဲ့အစည်းဘက်မှလည်း လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများထောက်ပံ့ပေးနိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖေါ်ရေး၊ ဒေသတွင်း လူမှုစီးပွားဘဝ မြှင့်တင်ရေးနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးနေသည့်အစီအစဉ်များများ ဆွေးနွေးခဲ့သည်။

ထို့အပြင် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ကုလသမဂ္ဂအဖွဲ့အစည်းများအကြား အကူအညီပေးရေလုငန်းများကို အဟန့်အတားမရှိ စနစ်တကျ ဆောင်ရွက်နိုင်ရေး၊ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group