Popular Myanmar

သစ်ကိုင်းကျိုးကျမှုကြောင့် အဝေးပြေးခရီးသည်တင်ကားပေါ် ဓာတ်ကြိုးပြုတ်ကျပြီး (၁)ဦး‌ေ-သဆုံး၊ (၂)ဦးဒ-ဏ်ရာရခဲ့မှု ပြင်ဦးလွင်မြို့တွင်ဖြစ်ပွား

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် သြဂုတ် ၁၂ ရက်ည ၁၀ နာရီခွဲကျော်ခန့်က သစ်ကိုင်းကျိုးကျမှုကြောင့် အဝေးပြေးခရီးသည်တင်ကားပေါ် ဓာတ်ကြိုးပြုတ်ကျရာမှ ‌ေ-သဆုံး၊ ဒ-ဏ်ရာရမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၃)၊ အောင်ဇေယျလမ်း၌ တောင်တမာ ပင်၏သစ်ကိုင်းကျိုးကျမှုကြောင့် ရပ်တန့်ထားသည့် အဝေးပြေးခရီးသည်တင်ကားပေါ်သို့ ဓာတ်ကြိုးပြုတ်ကျကာ ကားပေါ်ရှိ အမျိုးသား(၃)ဦးဓာတ်လိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်ကြောင့် အမျိုးသား(၁)ဦးမှာ အခင်းဖြစ်နေရာ၌ ‌ေ-သဆုံးသွားခဲ့ပြီး အမျိုးသား(၂)ဦးတွင်လည်း ထိခိုက်ဒ-ဏ်ရာများ(စိုးရိမ်ရနှင့် မစိုးရိမ်ရ)များရရှိခဲ့ကြသဖြင့် သန္တိသုခလူမှုကူညီရေးအသင်းက ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

မူရင်းသတင်း — Popular Myanmar