ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်၍ဆေးကုသမှုခံယူနေရသည့် ပြင်းထန်ဝမ်းပျက်/ဝမ်းလျောရော ဂါဖြစ်ပွားနေသူများအနက် သက်ကြီးပိုင်းအမျိုးသား (၁)ဦးသေဆုံးခဲ့ကာ ရောဂါပိုးတွေ့သူ(၅၄)ဦးရှိနေသည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့က အသိပေးခဲ့သည်။
သြဂုတ် ၉ ရက်နှင့် သြဂုတ် ၁၀ ရက်တို့က ဝမ်းပျက်/ဝမ်းလျောရောဂါဖြစ်ပွားမှုကြောင့် ရန်ကုန်ပြည်သူ့ဆေး ရုံကြီး၌ လူနာ(၂၈)ဦး၊ သြဂုတ် ၁၁ ရက်တွင် လူနာ(၇၀) ဦး၊ သြဂုတ် ၁၂ ရက်တွင် လူနာ(၈၄)ဦးတက်ရောက်ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
၎င်းတို့အနက် အသက်(၉၂)နှစ်အရွယ်ရှိ အမျိုးသားကြီး(၁)ဦးသေဆုံးခဲ့ကာ ပြန်လည်သက်သာလာသဖြင့် ဆေးရုံဆင်းခွင့်ရသူ(၈)ဦးရှိခဲ့ကာ ယနေ့ထိပြင်းထန်ဝမ်းပျက်/ဝမ်းလျောရောဂါပိုးတွေ့သူ(၅၄)ဦးရှိကြောင်း သိရသည်။
ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးစောင့်ရှောက်မူဆိုင်ရာစီမံခန့်ခွဲမူလုပ်ငန်းကော်မတီ၏ဦးဆောင်မူဖြင့်ရောဂါဖြစ်ပွားသည့် လမ်းမတော်၊ လသာ၊ ပန်းပဲတန်း၊ ကျောက်တံတားမြို့နယ်တို့၌ သက်ဆိုင်ရာ အဖွဲ့များပူးပေါင်း၍ အစားအသောက်နှင့်ရေများအားစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။