



ကျိုက်ထို၊ ဩဂုတ် ၁၃
မွန်ပြည်နယ်၊ ကျိုင်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်းပြည်ထောင်စု/ပြည်နယ်ဘဏ္ဍာငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက် ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ကျိုက်ထိုခရိုင်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကံစောလှိုင်က၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ခရိုင်အတွင်းရှိ ဌာနဆိုင်ရာများမှ ပြည်ထောင်စုဘတ်ဂျက်၊ ပြည်နယ်ဘတ်ဂျက် ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ Power Pointဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုအခြေအနေများအား သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာကုမ္ပဏီ၏ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ကျိုက်ထိုခရိုင်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တည်ဆောက်ရေးကုမ္ပဏီမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ပြည့်ဖြိုး
#News #Myanmar