
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် ငါးနှစ်နှင့်အထက် ပျက်ကွက်နေပါက မြန်မာနိုင်ငံသို့ပြန်၍ သက်တမ်းတိုးရမည်ဖြစ်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးက ဩဂုတ် ၁၂ ရက်တွင် ထုတ်ပြန်သည်။
မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် ဂျပန်နိုင်ငံတွင် ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံသားများ၏ ကောင်စစ်ဆိုင်ရာကိစ္စရပ်များအား လူကိုယ်တိုင်သော်လည်းကောင်း၊ စာတိုက်ဖြင့်သော်လည်းကောင်း၊ လက်ခံဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် လျှောက်ထားသူများအနေဖြင့် သက်တမ်းတိုးရန် (၅) နှစ်နှင့် အထက် ပျက်ကွက်နေပါက မြန်မာနိုင်ငံသို့ပြန်၍ သက်တမ်းတိုးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသို့ ပြန်နိုင်ရန်အတွက် မြန်မာသံရုံးအနေဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် ( C of I ) ထုတ်ပေးသွားမည် ဖြစ်ကြောင်း အသိပေးအပ်သည်ဟု ပါရှိသည်။
သို့ဖြစ်၍ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့၏ နိုင်ငံကူးလက်မှတ်များ အား သက်တမ်းမကုန်ဆုံးမီ ခြောက်လအလိုတွင် သက်တမ်းတိုးဆောင်ရွက်ပေးကြရန် တိုကျိုမြို့ရှိ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။