Popular Myanmar

တတိယအကြိမ်ရှမ်းပြည်နယ်လွှတ် တော် တတိယပုံမှန်အစည်းအဝေး (ပထမနေ့)တွင် ကြယ်ပွင့်ပြမေး ခွန်း(၁၂) ခုမေးမြန်းဖြေကြားခဲ့ကြ 

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး(ပထမနေ့)ကို ယနေ့ ဩဂုတ် ၁၃ ရက်နံ နက် ၁၀ နာရီက တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်လွှတ် တော်အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်၏ အစိုးရရက်(၁၀၀)ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းကို ရှမ်းပြည်နယ်လွှတ် တော်ကမှတ်တမ်းတင်သည်ဟုကြေညာခဲ့ကြောင်း သိရသည်။

ထို့နောက် လွိုင်လင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်အမှတ်(၁)ဦးခွန်သက်နိုင်၊ မိုင်းရယ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)ဒေါ်ခိုင်သန္တာထွေး၊ လောက်ကိုင်မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)ဦးဟော်ထိုက်ဖူ(ခ)ဦးအောင်ကျော်ထွန်း၊ ကွတ်ခိုင်မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်အမှတ်(၂)ဦး​​ဌေးဝင်းလှိုင်တို့က ကြယ်ပွင့်ပြမေးခွန်းများမေးမြန်းခဲ့ကြကြောင်း သိရသည်။

ထို့ပြင် မိုင်းရယ်မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်အမှတ်(၁)ဦးစိုင်းခမ်းကော်၊ ကွန်ဟိန်းမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)ဦးဝင်းလှိုင်၊ မူဆယ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်အမှတ်(၁)ဦးနော်တောင်၊ ကုန်းကြမ်းမြို့နယ် ပြည် နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)ဒေါ်မြမြဆွေ၊ ကလော​မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)ဦးခွန်ထွန်းငယ်၊ ကျောက်မဲမြို့နယ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)ဦးမြင့်ဝင်း၊ နောင်ချို မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ် (၁)ဦးကျော်အောင်သန်းတို့ကလည်း ကြယ်ပွင့်ပြမေး ခွန်းများမေးမြန်းခဲ့ကြကြောင်း သိရသည်။

ထိုသို့ မေးမြန်းမှုများကို သက်ဆိုင်ရာပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များကပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။

မူရင်းသတင်း — Popular Myanmar