Eleven Media Group

■ စစ်ပွဲတွင် အီရန်၏နျူကလီးယားအစီအစဉ်ထက် ရေနံဈေးကျရေးကို ယခု ဦးစားပေးနေသည်ဟု အမေရိကန်ပြောကြား

အီရန်စစ်ပွဲအတွင်း အမေရိကန်၏ အဓိကဦဦးစားပေးမှာ အီရန်၏ နျူကလီးယားအစီအစဉ်ကို တားဆီးရန် မဟုတ်တော့ဘဲ အမေရိကန်ပြည်သူများအတွက် ဓာတ်ဆီဈေးနှုန်းကျဆင်းသွားစေရန် ဖြစ်သည်ဟု ဒုတိယ သမ္မတက သြဂုတ် ၁၃ ရက်တွင် ပြောကြားခဲ့သည်။
ထို့အပြင် အီရန်အစိုးရကို ဖိအားပေးရန် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုအသစ်များကို မကြာမီစတင်တော့မည်ဖြစ်ဟု ဘဏ္ဍာရေးဝန်ကြီးက ထပ်လောင်း ပြောကြားခဲ့သည်။

ဒုတိယသမ္မတ ဂျေဒီဗန့်စ်နှင့် ဘဏ္ဍာရေးဝန်ကြီးစကောဘက်ဆန့်တို့၏ ပြောကြားချက်များသည် ဟော်မုဇ်ရေလက်ကြား ကိုပိတ်ဆို့လိုက်သည့် အီရန်အစိုးရ၏သြဇာသက်ရောက်မှုကို ပေါ်လွင်စေသည်။

နျူကလီးယားလက်နက်ကို အီရန် ပိုင်ဆိုင်မလာစေရန် တားဆီးရေးမှာ စစ်ပွဲစတင်ရသည့် အဓိကအကြောင်းအရင်း ဖြစ် သည်ဟုသမ္မတ ဒေါ်နယ်ထရန့်က အစဉ်တစိုက်ပြောကြားခဲ့သော်လည်းယခုအခါတွင်မူ ရေလက်ကြားမှတစ်ဆင့်ရေနံများ ပုံမှန်ပြန်လည်စီးဆင်း နိုင်ရေးက ပထမဦးစားပေးဖြစ်လာခဲ့သည်ဟု ဒုတိယသမ္မတ ဗန့်စ်က Fox Newsသတင်းဌာန သို့ ပြောကြားခဲ့သည်။

ဒုတိယသမ္မတ ဂျေဒီဗန့်စ်၏မှတ်ချက်စကားများက ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ရေးသည် အရေးကြီးကြောင်း ပေါ် လွင်စေခဲ့သည်။ စစ်ပွဲမတိုင်မီက ရေနံတင်သင်္ဘောများ ဟော်မုဇ်ကို ဘေးကင်းစွာ ဖြတ်သန်းနိုင်ခဲ့သည်။

မူရင်းသတင်း — Eleven Media Group