
ဖလမ်း၊ ဩဂုတ် ၁၆
ချင်းပြည်နယ် ဖလမ်းမြို့ရှိ ဗလိုင်ရပ်ကွက် ဗဟိုကျောင်းလမ်းတစ်လျှောက်ရှိ အကြမ်းဖက် လုပ်ရပ်များကြောင့် ပျက်စီးသွားသည့် အပျက်အစီးများကို ယမန်နေ့က ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်း၍ ဖယ်ရှားရှင်းလင်းခြင်း၊ သန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ ပြုလုပ်ကြသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်စွာဦးသည် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီအဖွဲ့ဝင်များ၊ ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာ စုပေါင်းလုပ်အားပေး အင်အား ၂၅၂ ဦးအား မုန့်နှင့် အချိုရည်များ ပေးဝေကြသည်။
ထို့ပြင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးသွားသည့် အမှတ် (၃) အခြေခံပညာအထက် တန်းကျောင်း အဆောက်အအုံ အပျက်အစီးများနှင့် ချုံနွယ်များကို စက်ယန္တရားကြီးများဖြင့် ရှင်းလင်း ဖယ်ရှားနေမှုနှင့် ကျောင်းအဆောက်အအုံ အကြီးစားပြုပြင်ရန် လိုအပ်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ညနေပိုင်းတွင် ဆူရ်ဘုန်လေဆိပ်ရှိ အကြမ်းဖက်ဖြစ်စဉ်များကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး သွားသည့် လေဆိပ်အဆောက်အအုံများ၊ စက်ပစ္စည်းများနှင့် လေယာဉ်ပြေးလမ်းအခြေအနေကို သွား ရောက်ကြည့်ရှုစစ်ဆေးသည်။
အလားတူ တီးတိန်မြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးသည် ယနေ့နံနက်ပိုင်းက ဌာန ဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက် ဖွံ့ဖြိုးရေး ကော်မတီဝင်များ၊ ဒေသခံပြည်သူများ စုပေါင်း၍ မြို့မရပ်ကွက် အထက (ခွဲ) ကျောင်းလမ်းနှင့် ချယ်ရီလမ်းတစ်လျှောက် သန့်ရှင်းရေးဆောင်ရွက်မှု၊ မြို့မရပ်ကွက် အစ်နား (Itna) ရေထွက် အနီးဝန်းကျင် ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းမှု၊ ကမ်ဟောက်လမ်းမကြီးဘေးတွင် မြို့နယ်လမ်း ဦးစီးဌာနမှ မြေထိန်းနံရံတည်ဆောက်နေမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ထို့အတူ တွန်းဇံမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီအတွင်း ရေးမှူးသည် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများက လေးဆန်ရပ်ကွက်နှင့် ခေါဝုန်ရပ်ကွက်တို့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
#News #Myanmar