


ကျောင်းကုန်း၊ ဩဂုတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းနေမှုကြောင့် ဒါးကမြစ်ရေမြင့်တက်လာခဲ့ရာ ၁၆ ပေ ၈ လက်မသို့ ရောက်ရှိနေပြီး ယနေ့မှစ၍ စာသင်ကျောင်း (၂) ကျောင်း ယာယီပိတ်ထားရသည်။
သဲကုန်အုပ်စု၊ အ.မ.က(သဲကုန်)နှင့် အ မှတ်(၃)ရပ်ကွက်၊ အ.လ.က(ခွဲ)တလုပ်ကုန်းကျောင်းများဖြစ်ပြီး အမှတ်(၁)ရပ်ကွက်မှအိမ်ခြေများ ထပ်မံနစ်မြုပ်ခဲ့သဖြင့် ဥယျာဉ်ကြီးးကျောင်း၊ ရတနာပုံရိပ်သာကျောင်း၊ ဆုတောင်းပြည့်ကျောင်းနှင့် လျော်ဂိုဒေါင်များသို့ ပြောင်းရွှေ့ထားရ ပြီး ကျောင်းကုန်းမြို့နယ်အတွင်း စုစုပေါင်းအိမ်ထောင်စု (၉၅)စုမှ လူဦးရေ(၃၈၀)ဦးတို့ ပြောင်းရွှေ့နေထိုင်ကြကြောင်း ထွေ/အုပ်ရုံးမှ သိရသည်။
ဝင်းကြိုင်
Myanmar National Post