Myanmar National Post

ပန်းတောင်းမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်





ပန်းတောင်း၊ သြဂုတ် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် သြဂုတ်လ ၁၄ ရက်နေ့မှ၍ ဧရာဝတီမြစ်ရေစိမ့်ဝင်မြင့်တက်လာမှုကြောင့် ထုံးဘိုကျေးရွာအုပ်စုရှိ မဟာအတုလအနန္တဘုရားဓမ္မာရုံနှင့် တောင်လတ်ဘုရားဓမ္မာရုံတို့တွင် ယာယီပြောင်းရွှေ့နေထိုင်ခဲ့ရသည့် ရေဘေးသင့်အိမ်ထောင်စုများအား ယမန်နေ့နေ့လယ်က တာဝန်ရှိသူများက ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့သို့ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ပန်တောင်းမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမော်နှင့်ဝန်ထမ်းများ၊ ဥသျှစ်ပင်မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးနှင့် တာဝန်ရှိသူများက မဟာအတုလအနန္တဘုရားဓမ္မာရုံနှင့် တောင်လတ်ဘုရားဓမ္မာရုံတို့ရှိဧရာဝတီ မြစ်ရေဝင်ရောက်မှုကြောင့် ယာယီပြောင်းရွှေ့လာသော အိမ်ထောင်စု (၈၄)စု လူဦးရေ (၃၀၇)ဦး တို့အား တစ်ဦးလျှင် (၅၀၀၀) ကျပ်နှုန်းစီဖြင့် စုစု‌ပေါင်း (၁၅၃၅၀၀၀) ကျပ်ကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


လပြည့်လင်း

#News #Myanmar

မူရင်းသတင်း — Myanmar National Post