Myanmar National Post

မြို့သစ်မြို့နယ်ရှိ စွန်ဆည်နှင့်ဆဒ္ဒန်ဆည်ရေလှောင်တမံ ရေပိုလွှဲတို့မှ ဆက်လက် ရေကျော်ကျလျက်ရှိပြီး အသိပညာပေးခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်



မြို့သစ်၊ ဩဂုတ် ၁၆

မကွေးတိုင်းဒေသကြီး၊  မြို့သစ်မြို့နယ်တွင် ဩဂုတ်လလဆန်းပိုင်းကစတင်၍ မိုးများအဆက် မပြတ်ရွာသွန်းခဲ့မှုကြောင့် ဩဂုတ် ၁၆ ရက် နံနက် ၆ နာရီတွင် စွန်ဆည်နှင့်ဆဒ္ဒန်ဆည် ရေလှောင်တမံရေပိုလွှဲတို့မှ ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

စွန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၂၅) ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ ၆၂၅ ဒသမ ၉၀ ပေရှိသည့်အတွက် ရေပိုလွှဲမှ ၀ ဒသမ ၉ ပေခန့်)၊ ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် ၅၆၀ ဒသမ ၅၀ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ ၅၆၀ ဒသမ ၈၀ ပေ ရှိသည့်အတွက် ရေပိုလွှဲမှ ၀ ဒသမ ၃ ပေခန့် ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း သိရသည်။  

စွန်ဆည်နှင့်ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲတို့မှ ရေကျော်ကျမှုရှိသော်လည်းဆည်၏ ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်သည့်အတွက် စိုးရိမ်စရာအခြေအနေမရှိကြောင်းနှင့် ဆည်အခြေအနေနှင့်ပတ်သက်၍ ပြည်သူများစိုးရိမ်ထိတ်လန့်မှုမဖြစ်စေရန်အတွက် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အနီးကပ်စစ်ဆေးခြင်း၊ တမံအောက်ဘက်ရှိကျေးရွာနေပြည်သူများအား ဆည်တမံများ၏ အခြေအနေနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ဝင်းအိဇွန် 

#News #Myanmar

မူရင်းသတင်း — Myanmar National Post