Eleven Media Group

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်၌ MSME Agency အဖွဲ့ဝင်များနှင့် MSME လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး MSME Agency အဖွဲ့ဝင်များနှင့် သန်လျင်မြို့နယ်မှ MSME လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ဩဂုတ် ၁၄ ရက် မွန်းလွဲပိုင်းက သန်လျင်မြို့သာသနာ့ဗိမ္မာန်ခန်းမတွင် ကျင်းပပြုလုပ်သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ ဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်၊ သန်လျင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သန်လျင်မြို့နယ်မှ MSME လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရန်ကုန်တိုင်းဒေသကြီး MSME အေဂျင်စီဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော် က အဖွင့်အမှာစကားပြောကြားပြီးနောက် ရန်ကုန်တိုင်း Agency အဖွဲ့ဝင်များနှင့် ၊ တိုင်းအဆင့်၊ ခရိုင်အဆင့် သက်ဆိုင်ရာ ဌာနကိုယ်စားလှယ်များမှ မိတ်ဆက်ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် သန်လျင်မြို့နယ်မှ MSME လုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်းရာ SME Agency ဥက္ကဌ၊ ဝန်ကြီးနှင့်တကွ၊ သန်လျင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် နှင့်သက်ဆိုင်ရာဌာနများဖြစ်သည့် စည်ပင်၊ စီးပွားကူးသန်း၊ မြန်မာ့စီးပွါးရေးဘဏ်၊ SMEDB Bank ၊ ကုန်သွယ်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း (YESC)၊ မြေစာရင်းဦးစီးဌာန၊ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ အကောက်ခွန်ဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအသီးသီးအလိုက် ရှင်းလင်းဖြေကြားပေးကြသည်။

ထို့နောက် တက်ရောက်လာကြသော သန်လျင်မြို့နယ်မှ MSME လုပ်ငန်းရှင်များကို SME ယာယီမှတ်ပုံတင်လက်မှတ်များကို One Stop Service စနစ်ဖြင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ MSME ဌာနမှ ဝန်ထမ်းမျာက ဆောင်ရွက်ပေးကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး MSME အေဂျင်စီဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော် က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group