Eleven Media Group

■ထရန့်၏သားမက်ကူရှ်နာနှင့် အစ္စရေး၊ ဟားမာ့စ်တို့ ဆွေးနွေးမှု သဘောတူညီချက်မရဘဲ ပြီးဆုံး

ဒေါ်နယ်ထရန့်၏ အထူးကိုယ်စားလှယ်လည်းဖြစ်၊ သားမက်လည်းဖြစ်သည့် ဂျာရတ်ကူရှ်နာသည် ဂါဇာနှင့်ပတ်သက်၍ အစ္စရေးနှင့် ဟားမာ့စ်တို့ကြား ရပ်တန့်နေသည့် ဆွေးနွေးမှုများ ပြန်လည်စတင်နိုင်ရန် ၎င်းတို့နှင့်ဆွေးနွေးခဲ့သော်လည်း တိုးတက်မှုတစ်စုံတစ်ရာ မရရှိခဲ့ဘဲ ဆွေးနွေးမှုများ ပြီးဆုံးခဲ့သည်။

ကူရှ်နာသည် ဝန်ကြီးချုပ်နေတန်ယာဟုနှင့် အစ္စရေးတွင် တွေ့ဆုံခဲ့ပြီး ရှေ့တစ်ရက်တွင် ဟားမာ့စ်အဖွဲ့၏ နိုင်ငံရေးခေါင်းဆောင်နှင့် အီဂျစ်တွင် တွေ့ဆုံခဲ့သည်။

ထရန့်သည် ပြီးခဲ့သည့်လက လက်နက်စွန့်လွှတ်ရေးကို အဆင့်လိုက်လုပ်ဆောင်ရန် ဟားမာ့စ်က သဘောတူထားသည်ဟုဆိုပြီး ၎င်း၏ Board of Peace အဖွဲ့က တင်ပြထားသည့် အချက် ၁၅ ချက်ပါ လမ်းပြမြေပုံအတိုင်း အကောင်အထည်ဖော်ရန် ရည်ရွယ်ထားသည်။ ဟားမာ့စ်ကလည်း ထိုသို့ အကောင်အထည်မဖော်မီ အစ္စရေးဘက်က အတိုက်အခိုက် ရပ်တန့်ရန်နှင့် တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာရန်အပါအဝင် ကတိကဝတ်များကို ဦးစွာလိုက်နာရမည်ဟု ဆိုသည်။

အစ္စရေးအရာရှိတစ်ဦး၏ အဆိုအရ ဟားမာ့စ်အဖွဲ့တွင် လက်နက်အားလုံးအပြီးတိုင် စွန့်လွှတ်ပြီးမှသာ ဂါဇာပြန်လည်တည်ဆောက်ရေး စတင်မည်ဟု နေတန်ယာဟုနှင့် ကူရှ်နာတို့ သဘောတူခဲ့သည်။ကူရှ်နာနှင့် ဟားမာ့စ်ကိုယ်စားလှယ်များ ဒုတိယအကြိမ် တွေ့ဆုံခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာတွင် အမေရိကန် အထူးကိုယ်စားလှယ် စတိဝစ်ကော့ဖ်နှင့်အတူ ဟားမတ်စ်အရာရှိများနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ဖူးသည်။

Ref: Reuters

မူရင်းသတင်း — Eleven Media Group