Myanmar National Post

ပြည်ခိုင်ဖြိုးပါတီက ညီလာခံ ကျင်းပမည်






နေပြည်တော်၊ ဩဂုတ် ၂၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးသည် ၂၀-၈-၂၀၂၆ ရက်နေ့ နေ့လည် ၂ နာရီမှ ၅ နာရီထိ ပါတီဌာနချုပ် အစည်းအဝေးခန်းမ ၂ တွင် တိုင်းဒေသကြီး/ပြည်နယ် ပါတီဥက္ကဋ္ဌများ၊ ခေတ္တဥက္ကဋ္ဌများနှင့်ပြုလုပ်သည့် Zoom Meeting တွင် ပါတီညီလာခံကျင်းပမည့်အကြောင်း ရှင်းလင်းပြောဆိုခဲ့သည်ဟု သိရသည်။

Zoom Meeting ပြုလုပ်ခဲ့ရာတွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပါတီ၏ ဖွဲ့စည်းပုံစည်းမျဉ်း ပြင်ဆင်၊ ဖြည့်စွက်မှုကိစ္စရပ်များ၊ ရပ်ကျေး/ မြို့နယ်/ ခရိုင်/ တိုင်း/ပြည်နယ် ပါတီတို့၏ ဖွဲ့စည်းမှုအခြေအနေများ၊ ဗဟိုကော်မတီအစည်းအဝေးနှင့် ပါတီညီလာခံကျင်းပရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post