
Star Event Production မှ ဂျွန်လွင်၏ ငွေကျပ် သိန်း ၁၁၅၀ အား အွန်လိုင်းမှတစ်ဆင့် လိမ်ခဲ့သူ သုံးဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ၄င်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
ဂျွန်လွင်၏ Facebook စာမျက်နှာတွင် "ကျွန်တော်ငွေ သိန်း 1150 လိမ်သော တရားခံ ၃ ဦး လုံး ဖမ်းမိပါပြီ။မြန်မာနိုင်ငံံရဲတပ်ဖွဲ့၊ဗဟိုဘဏ်နှင့်KBZဘဏ် ကို အထူးကျေးဇူးတင်ရှိပါတယ်။လွဲပေးလိုက်သော ငွေကျပ်သိန်း၅၀၀ အား တားပေးသောနိုင်ငံတော်ဗဟိုဘဏ်နှင့် KBZဘဏ်ကိုလည်း ကျေးဇူးတင်ပါတယ်။ KBZဘဏ်အကောင့်မှငွေကျပ်သိန်း၅ဝဝအား ဗဟိုဘဏ်မှချမှတ်ထား သော ငွေအတိုင်းအတာထက်ကျော်လွန်၍ ဥပဒေနှင့်
မညီ ငွေသားထုတ်ပေးခဲ့သော ဒေါ်မျိုးကြည်အားသက်ဆိုင်ရာဘဏ်မှ စာချုပ်များဘဏ်Account များအား ရုပ်သိမ်းမှုပြုလုပ်သင့်ပါတယ်။ နိုင်ငံတော်ဗဟိုဘဏ်မှချမှတ်ထားသည့် တည်ဆဲဥပဒေအရထည့်သွင်း၍ တရားစွဲဆိုသင့်ပါတယ်လို့ ထင်မိပါတယ်။ ထိုသို့ထည့်သွင်း၍တရားစွဲဆိုမှသာ အလွယ်တကူငွေထုတ်ပေးမှု ရပ်တန့်သွားမည်ဖြစ်ပြီး ငွေကြေးလိမ်လည်မှုများလုံးဝပပျောက်သွားမည်ဖြစ်ပါတယ်။ ကျွန်တော် ရဲ့ငွေလိမ်လည်မှုအား ဖော်ထုတ်ပေးခဲ့ပါသော ရဲတပ်ဖွဲ့၊နိုင်ငံတော်ဗဟိုဘဏ်နှင့်KBZဘဏ်ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ Online လိမ်လည်မှုဥပဒေ အသစ် ထွက်ပေါ်လာခြင်း ကို လဲ အထူးကျေးဇူးတင်ပါတယ်"ဟု ရေးသား ထားခဲ့သည်။
လိမ်လည်သွားယူသူများမှာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း ၄င်း၏ Facebook တွင် ဖော်ပြထားချက်အရ သိရသည်။
လိမ်လည်သွားသည့် အမျိုးသမီးမှာ ဂျွန်လွင်မတိုင်မီ ဘုန်းကြီးတစ်ပါးနှင့် အမျိုးသမီးတစ်ဦးကို လိမ်လည်ခဲ့ဖူးပြီး ကျွမ်းကျင်အဆင့်ဖြစ်ကြောင်း ဂျွန်လွင်၏ ပြောကြားချက်အရသိရသည်။
ဂျွန်လွင်မှာ ပထအကြိမ်တွင် ငွေကျပ် သိန်း ၄၀၀၊ ဒုတိယအကြိမ်တွင် ငွေကျပ် သိန်း ၂၅၀ ၊ တတိယအကြိမ်တွင် ငွေကျပ် သိန်း ၅၀၀ လွှဲခဲ့ကြောင်း၊ ယုံကြည်မှုမှတစ်ဆင့် ယခုကဲ့သို့ လိမ်ခံရခြင်းဖြစ်သည်ဟု ဂျွန်လွင်၏ ပြောကြားချက်အရသိရသည်။
ငွေသွင်း/ ငွေထုတ် ဝန်ဆောင်မှုပေးသည့် အေးဂျင့်နှစ်ဆိုင်မှ ငွေကျပ် သိန်း ၄ဝဝနှင့် ငွေကျပ် သိန်း ၂၅၀ တို့အား သက်ဆိုင်ရာထံသို့ ပြန်လည်အပ်နှံခဲ့ပြီး ကျန်ရှိနေသည့် ဒေါ်မျိုးကြည်ဟုခေါ်သည့် အေးဂျင့်မှာ ယနေ့ထိ ငွေကျပ်သိန်း ၅၀၀ အား လာရောက်အပ်နှံခြင်း မရှိသေးကြောင်း ဂျွန်လွင်၏ ပြောကြားချက်အရသိရသည်။
#ဂျွန်လွင် #elevennews #KBZ #