Eleven Media Group

■ ကျန်စစ်မင်းအိမ်ရာနှင့် ယုဇနအပိုင်း(၃)အိမ်ရာရှိ အိမ်ခန်းများကို ဝယ်ယူခွင့်တင်ထားသူများကို အခန်းရရှိမည်ဟု လိမ်ညာမှုများရှိနေ

ကျန်စစ်မင်းအိမ်ရာ ကို တွေ့ရစဉ်

ကျန်စစ်မင်းအိမ်ရာနှင့် ယုဇနအပိုင်း(၃)အိမ်ရာရှိ အိမ်ခန်းများကို ဝယ်ယူခွင့်တင်ထားသူများကို အခန်းရရှိမည်ဟု လိမ်ညာမှုများရှိနေသည်ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သတိပေးသည်။

ကျန်စစ်မင်းအိမ်ရာ နှင့် ယုဇနအပိုင်း(၃)အိမ်ရာရှိ အိမ်ခန်းများကို ဝယ်ယူခွင့် လျှောက်လွှာတင်ထားသူများအား အခန်းရရှိမည်ဟု လိမ်ညာဆောင်ရွက်မှုများ ဖြစ်ပွားလျက်ရှိနေသည်ဟု သိရသည်။

အိမ်ခန်းလျှောက်လွှာတင်ပေးမည်ဟု လည်းကောင်း ၊ အိမ်ခန်းရရှိမည်ဟု လည်းကောင်း၊ လိမ်ညာမခံရစေရေးသတိပြုနိုင်ရန် ဦးစီးဌာနက အသိပေးထားသည်။

အဆိုပါ အိမ်ခန်းများကိုလျှောက်လွှာတင်ထားသူများအား ဌာနမှ စိစစ်ရွေးချယ်၍ ဝယ်ယူခွင့်ရရှိသူများကို နေပြည်တော်ဖုန်းနံပတ် ၀၆၇-၃၄၀၇၅၂၇ ဖြင့်သာ ရုံးချိန်အတွင်းဆက်သွယ် အကြောင်းကြားဆောင်ရွက်သွားမည်ဖြစ်ကြောင်းမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ထုတ်ပြန်သည်။

#အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန #ကျန်စစ်မင်းအိမ်ရာ #elevennews


မူရင်းသတင်း — Eleven Media Group