Myanmar National Post

လှိုင်သာယာ( အနောက်ပိုင်း)မြို့နယ်အမှတ်( ၂၀)ရပ်ကွက်တွင် ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပေါ်





ရန်ကုန်၊ သြဂုတ် ၂၄

လှိုင်သာယာ( အနောက်ပိုင်း)မြို့၊ နယ်အမှတ်( ၂၀)ရပ်ကွက်တွင်ယနေ့ နံနက်ပိုင်းက အမျိုးသား တစ်ဦး ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၀)ရပ်ကွက်၊ အမှတ်(၁ယ/၄၄)၊ ဦးအောင်သုခလမ်း(ကွက်သစ်)နေ ဦးနာကိုဆင်(ဘ) ဦးလမ္မဒစ်၊ အသက်(၈၁)နှစ်၊ အလုပ်အကိုင် (ကျပန်း)သည် ၎င်းနေထိုင်အိမ်အခန်းအတွင်း နိုင်လွန်ကြိုး(ပလပ်စတစ်)ဖြင့်လည်ပင်းကိုချည်နှောင်၍ ထုပ်တန်း၌ကြိုးဆွဲချသေဆုံးခဲ့သဖြင့် သေဆုံးသူ၏ DB အား သံဝေဂ ပရဟိတယာဉ်ဖြင့် လှိုင်သာယာပြည်သူဆေးရုံးသို့ ပိုဆောင်ခဲ့ကြောင်း သိရသည်။ 

သေမှုသေခင်းနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က သေဆုံးသူ၏မိသားစုဝင်များအား စစ်ဆေးလျက်ရှိကြောင်း သိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post