



ကျိုက်ထို၊ အောက်တိုဘာ ၈
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုထိုမြို့နယ်အတွင်းရှိ စာသင်ကျောင်းများအား စံကိုက်ကျောင်းများ၏ စံချိန်စံညွှန်းများနှင့်အညီဖြစ်စေရေးကွင်းဆင်းကြည့်ရှုစစ်ဆေးကို တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲပိုင်း၌ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ကျောင်းကော်မတီများက ကျောင်းများတွင် သင်ကြားသင်ယူမှုဝန်းကျင် ကောင်းမွန်စေရေး၊ ကျောင်းအင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးတို့အတွက် လိုအပ်သည့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် အချက်များကို မှာကြားသည်။
ထို့နောက် ဝာာဝန်ရှိသူများက စာသင်ခုံများ ပြည့်စုံမှု ရှိ/မရှိ၊ ကျောင်းစာကြည့်တိုက်များ၏ အခြေအနေ၊ သောက်သုံးရေ ရရှိမှုနှင့် သန့်စင်ခန်းများ သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ စာသင်ခန်းများအတွင်း သင်ထောက်ကူပစ္စည်းများ ပြည့်စုံစွာ ပံ့ပိုးထားရှိမှုနှင့် ကျောင်းပတ်ဝန်းကျင် လုံခြုံဘေးကင်းမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် ကျောင်းအုပ်ဆရာမကြီးများ၊ ဆရာ/ဆရာမများနှင့် တွေ့ဆုံ၍ ကျောင်း၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး စံကိုက်ကျောင်းများ၏ စံချိန်စံညွှန်းများနှင့်အညီဖြစ်စေရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုး
#News #Myanmar