Eleven Media Group

ယူကရိန်း၏ မဟာမိတ်များ ကိယက်ဗ်မြို့၌ စုဝေးစဉ် ရုရှား၏ ခြိမ်းခြောက်မှုများကို ဗြိတိန်ဝန်ကြီးချုပ် ပယ်ချ

ယူကရိန်း၏ မဟာမိတ်များ ကိယက်ဗ်မြို့၌ စုဝေးစဉ် ရုရှား၏ ခြိမ်းခြောက်မှုများကို ဗြိတိန်ဝန်ကြီးချုပ် ပယ်ချကြောင်း သိရသည်။

​ရုရှား၏ ခြိမ်းခြောက်မှုများ ရှိနေသည့်တိုင် ယူကရိန်းအား စစ်ရေးအရ ကူညီပံ့ပိုးမှုများကို ဗြိတိန်က ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ဟု မဟာမိတ်များ စုဝေးပြီး ထောက်ပံ့ရေးကိစ္စများ ဆွေးနွေးသည့် ကိယက်ဗ်မြို့ခရီးစဉ်အတွင်း ဗြိတိန်ဝန်ကြီးချုပ် အန်ဒီဘန်းဟမ်းက ဩဂုတ် ၂၄ ရက်တွင် ပြောကြားသည်။

​ပြင်သစ်နှင့် ဂျာမနီခေါင်းဆောင်နှစ်ဦးတို့က အွန်လိုင်းမှတစ်ဆင့် ပူးတွဲသဘာပတိအဖြစ် ပါဝင်ပြီး ဗြိတိန်ဝန်ကြီးချုပ်ဘန်းဟမ်းကိုယ်တိုင် တက်ရောက်သည့် "ဆန္ဒရှိသူများ၏မဟာမိတ်များအဖွဲ့" (Coalition of the Willing) အစည်းအဝေးတွင် လေကြောင်းရန်ကာကွယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးရေးကိစ္စကို အဓိကထား ဆွေးနွေးကြမည်ဖြစ်သည်။

​ဝန်ကြီးချုပ် ဘန်းဟမ်းသည် ရာထူးတာဝန် စတင်ထမ်းဆောင်ပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ဥရောပခေါင်းဆောင်များနှင့် ဥရောပကောင်စီဥက္ကဋ္ဌ အန်တိုနီယို ကော်စတာတို့နှင့်အတူ ကိယက်ဗ်မြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။

“ကျွန်‌တော့်နိုင်ငံကိုရုရှားရဲ့တရားလွန် ခြိမ်းခြောက်မှု‌တွေရှိနေပေမယ့် ယူကရိန်းရဲ့ကာကွယ်ရေးအတွက် ကျွန်‌တော်တို့ရဲ့ ကူညီပံ့ပိုးမှု‌တွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု အစည်းအဝေးမစတင်မီ ယူကရိန်းလွတ်လပ်ရေးနေ့တွင် ပြောကြားသည့် မိန့်ခွန်း၌ ဘန်းဟမ်းက ထည့်သွင်းပြောကြားခဲ့သည်။

​ရုရှားသည် လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက ကိယက်ဗ်မြို့တော်ရှိ တိုက်ခန်းများကို ပဲ့ထိန်းဒုံးကျည်များဖြင့် အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အဆောက်အအုံများ ပျက်စီးကာ လူပေါင်းများစွာ သေဆုံးခဲ့သည်။

Ref:AFP

Photo-AFP

မူရင်းသတင်း — Eleven Media Group