Eleven Media Group

မော်လီကျူးများ၏ မှန်ပြန်ပုံ လျှို့ဝှက်ချက်ကို ဖြေရှင်းခဲ့သည့် သိပ္ပံပညာရှင်နှစ်ဦး နိုဘယ်ဓာတုဗေဒဆုကို ပူးတွဲဆွတ်ခူး

သိပ္ပံပညာရှင် ဟင်နရီကာဂန် နှင့် ကင်ဆို ဆိုအိုင်တို့သည် မော်လီကျူးများ၏ အချိုးမညီသော “မှန်ပြန်ပုံ” ပဟေဠိကို ဖြေရှင်းနိုင်ခဲ့သည့် သုတေသနအတွက် ၂၀၂၆ ခုနှစ် နိုဘယ်ဓာတုဗေဒဆုကို ပူးတွဲရရှိကြောင်း အောက်တိုဘာ ၇ ရက်တွင် နိုဘယ်ဆုရွေးချယ်ရေး ကော်မတီက ကြေညာခဲ့သည်။ အဆိုပါ ရှာဖွေတွေ့ရှိမှုသည် ဆေးဝါးထုတ်လုပ်ရေးနယ်ပယ်အတွက် အလွန်အရေးပါသည့် သုတေသနတစ်ရပ်ဖြစ်သည်။

အသက် ၇၆ နှစ်အရွယ် ဆိုအိုင်သည် ဂျပန်နိုင်ငံသားဖြစ်ပြီး အသက် ၉၅ နှစ်အရွယ် ကာဂန်က ပြင်သစ်နိုင်ငံသားဖြစ်သည်။ ပြင်သစ်သမ္မတ မက်ခရွန်က ဆုရရှိသူနှစ်ဦးကို X လူမှုကွန်ရက်မှတစ်ဆင့် ဂုဏ်ပြုခဲ့ပြီး နိုင်ငံအတွက် ကြီးမားသည့် ဂုဏ်ယူစရာဖြစ်ကြောင်းနှင့် တစ်သက်တာ သုတေသနလုပ်ငန်းအတွက် ထိုက်တန်သည့် အသိအမှတ်ပြုမှု ဖြစ်ကြောင်း ပြောသည်။

အသက်ရှင်သန်မှုအတွက် အရေးပါသည့် မော်လီကျူးအများအပြားတွင် တစ်ခုနှင့်တစ်ခု မှန်ထဲကပုံရိပ်ကဲ့သို့ ဆင်တူသည့် ပုံစံနှစ်မျိုးရှိသည်။ ဘယ်ဘက်လက်နှင့် ညာဘက်လက်ကဲ့သို့ တစ်ခုနှင့်တစ်ခု ပြန်လှန်ထားသည့်ပုံစံမျိုး ဖြစ်သည်။ သို့သော် သက်ရှိအရာများတွင် ယင်းပုံစံနှစ်မျိုးအနက် တစ်မျိုးကိုသာ အများအားဖြင့် အသုံးပြုကြသည်။ ယင်းဖြစ်စဉ်ကို “homochirality” ဟုခေါ်ပြီး ဓာတုဗေဒပညာရှင်များအကြား နှစ်ပေါင်း ၁၀၀ ကျော်ကြာအောင် ပဟေဠိဖြစ်နေခဲ့သည်။

ဓာတုတုံ့ပြန်မှုများအတွင်း မော်လီကျူး၏ မှန်ပြန်ပုံနှစ်မျိုးအနက် တစ်မျိုးကိုသာ ဦးစားပေးဖြစ်ပေါ်စေနိုင်သည့် နည်းလမ်းများကို ဖော်ထုတ်ခဲ့သည့် သုတေသနအတွက် ၎င်းတို့နှစ်ဦးကို ချီးမြှင့်ခြင်းဖြစ်သည်။ ထိုသုတေသနသည် ဆေးဝါးထုတ်လုပ်ရာတွင် လိုအပ်သည့် ဓာတုတုံ့ပြန်မှုများကို ဒီဇိုင်းဆွဲရာ၌ အရေးပါလှသည်။

နိုဘယ်ဆုများကို နှစ်စဉ် အောက်တိုဘာတွင် ကြေညာလေ့ရှိပြီး ဓာတုဗေဒဆုက တတိယမြောက် ကြေညာသည့်ဆုဖြစ်သည်။ ရှေ့တွင် ဆေးပညာနိုဘယ်ဆု၊ ရူပဗေဒ နိုဘယ်ဆုတို့ကို ကြေညာခဲ့ပြီး

ယခုနှစ် နိုဘယ်ဆုရရှိသူများသည် ဒီဇင်ဘာ ၁၀ ရက်တွင် စတော့ဟုမ်းမြို့၌ ကျင်းပမည့် ဆုပေးပွဲအခမ်းအနားတွင် ဆုတံဆိပ်များ လက်ခံရရှိမည်ဖြစ်သည်။

နိုဘယ်စာပေဆုကို အောက်တိုဘာ ၈ ရက်တွင် ၊ နိုဘယ်ငြိမ်းချမ်းရေးဆုကို အောက်တိုဘာ ၉ ရက်တွင်၊ နိုဘယ်စီးပွားရေးဆုကို အောက်တိုဘာ ၁၂ ရက်တွင် ဆက်လက်ကြေညာသွားမည်။

Ref: Reuters

မူရင်းသတင်း — Eleven Media Group