




ခတ္တမန္ဒူ၊ ဩဂုတ် ၂၈
ဩဂုတ် ၂၇ ရက် ညနေအထိ နီပေါနိုင်ငံ ရေကြီးရေလျှံမှု ဖြစ်ပွားသောဒေသမှ သေဆုံးသူဦးရေ ၃၅၉ ဦး၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ကာ အခြားသူ ၉၁၀ ဦး ပျောက်ဆုံးလျက်ရှိကြောင်း နီပေါနိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။
ဘေးဒဏ်သင့်ဒေသ၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး အာဏာပိုင်များက ပျောက်ဆုံးနေသောသူများအား ရှာဖွေရန်နှင့် ပိုမိုများပြားသော ရုပ်အလောင်းများ ဆယ်ယူနိုင်ရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ဘေးဒဏ်သင့်ဒေသမှ နိုင်ငံခြားသား ၃၁ ဦးကို ကယ်ဆယ်နိုင်ပြီးဖြစ်ကြောင်း နီပေါနိုင်ငံ ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့က ဆိုသည်။ နီပေါနိုင်ငံ ရဲတပ်ဖွဲ့ကလည်း ဘေးဒဏ်သင့်အိမ်ထောင်စုအားလုံး နီးစပ်ရာရဲစခန်းသို့ သွားရောက်ပြီး ပျောက်ဆုံးသူ၏ သက်ဆိုင်ရာ အချက်အလက်နှင့် ပိုင်ဆိုင်ပစ္စည်းများပြသကြရန် တိုက်တွန်းထားကြောင်း သိရသည်။
Ref - (Xinhua)
#News #Myanmar