





ရန်ကုန်၊ သြဂုတ် ၂၈
ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအဖွဲ့နှင့် ရပ်ကွက်နေစေတနာရှင်များစုပေါင်း၍ ယနေ့ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့တွင် ဘုရားအနေကဇာတင်ခြင်း နှင့် (စတုတ္ထ)အကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း ပရိတ်တရားတော်နာယူခြင်းတို့အား ဆောင်ရွက်ခဲ့သည်။
ပိဋကသုံးပုံနိကာယ်စာသင်တိုက်ကြီးမှ ဒုတိယတိုက်အုပ်ဆရာတော် အရှင်ဇောတိဿရာလင်္ကာရ(ဝနယဓရ၊ ဝိနယဓရကောဝိဒ၊ ဒွိပိဋကဓရ၊ ဒွိပိဋကဓရကောဝိဒ၊ မူလအာဘိဓမ္မက ပိဋကနှစ်ပုံခွဲဆောင်) ဆရာတော် နှင့် ပင့်သံဃာ(၄)ပါးတို့ ကြွရောက်တော်မူကြပြီး အုပ်ချုပ်ရေးမှူးရုံးအဖွဲ့နှင့် ရပ်မိရပ်ဖ တို့မှ ဝါဆိုသင်္ကန်းများနှင့် နဝကမ္မအလှူငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကြ၍ ဆရာတော်သံဃာတော်များအား အာရုဏ်ဆွမ်းဆပ်ကပ်လှူဒါန်းခြင်းနှင့် ကြွရောက်လာကြသော ဧည့်သည်များအား နှမ်းထမင်း/ရေခဲမုန့် တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
#News #Myanmar