
ထိုင်းနိုင်ငံ၊ရနောင်းမြို့တွင်မြန်မာနိုင်ငံသို့ပို့ဆောင်မည့် ဘတ်ငွေ ၁၄၉ သန်းခန့်တန်ဖိုးရှိပစ္စည်းများ ဖမ်းဆီး ရမိထားကြောင်းသိရ သည်။
ထိုင်းနိုင်ငံ၊အကောက်ခွန်ထိန်းချုပ်ရေးဌာနခွဲ၊ဒေသ(၁) ၊ရနောင်းအကောက်ခွန်ဌာန စုံစမ်းစစ်ဆေးရေးနှင့်နှိမ်နင်းရေး ဌာနခွဲဦးဆောင်သော ဆက်စပ်အေးဂျင့်များက ရနောင်းခရိုင် ရှိဂိုဒေါင်တခုကို ဝရမ်းဖြင့်ဝင်ရောက်စီးနင်းရာ ဒီဇယ်ဂျင်န ရေတာများ၊ ကား ဆိုင်ကယ်၊စက်ဘီး အပိုပစ္စည်းများ၊အင်ဂျင်ဝိုင်၊လျှပ်စစ်ပစ္စည်းများ၊ဝါယာကြိုးခွေများ၊ အလှကုန်နှင့်ဆေးဝါးများအစရှိသော ပစ္စည်းအမျိုးပေါင်း ၅၃၀၀၀၀ ကျော်၊ကာလတန်ဘိုးထိုင်းဘတ် ၁၄၉ သန်းခန့်ကိုဖမ်းဆီးခဲ့ကြောင်းသိရသည်။
"ထိုင်းအာဏာပိုင်တေွ ဖမ်းတာက ဩဂုတ်လ ၁၇ ရက်နေ့ကတည်းကဖမ်းတာ၊ ကုန်စည် တွေကိုဂိုဒေါင်မှာ သိုလှောင်ထားတာ သတ်မှတ်ရက်လည်း မကျော်သေးဘူး၊ ဩဂုတ်လအကုန်အထိဆက်သွယ်လာတာ မရှိရင်သိမ်းမယ်ကြားရတယ်၊ ထိုင်းကုန်စည်ဝယ်ရင်အခွန်ဆောင်ပြီးသားတွေပဲရှိတာ၊ နှစ်ခါစားတဲ့အကွက်တွေပါ"လို့ မြန်မာနိုင်ငံသားတစ်ဦးကပြောကြားခဲ့သည်။
(၂၀၁၇) ထိုင်းအကောက်ခွန်ဥပဒေအရအခွန်မဲ့ ပစ္စည်းဆိုင်ရာဥပဒေအရအရေးယူရန်စီစဉ်လျှက်ရှိကြောင်း၊ အဆိုပါပစ္စည်းများကိုသိုလှောင်ရန်ခွင့်ပြုကာလထက်ကျော်လွန်ထားရှိပါကအခွန်ရှောင်ပစ္စည်းအဖြစ်သတ်မှတ်အရေးယူသွားမည်ဖြစ်ပြီးပိုင်ရှင်အခွန်ဆောင်နိုင်ရန်သတ်မှတ်ကာလအထိစောင့်ဆိုင်းပေးမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသို့ပို့မည့်ပစ္စည်းများဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင်ဖော် ပြထားကြောင်းသိရသည်။