Eleven Media Group

တိဘက်-နီပေါနယ်စပ်၌ မြေပြိုမှုကြောင့် ဖြစ်လာသည့် ရေကန်သည် ကျိုးပေါက်နိုင်သည်ဟု တရုတ် သတိပေး

တရုတ်-နီပေါနယ်စပ်၌ မြေပြိုမှုဖြစ်ပွားခဲ့ပြီးနောက် ဖြစ်ပေါ်လာသော ရေကန်သည် ကျိုးပေါက်ပြီး အောက်ဘက်သို့ ရေများ စီးကျ လာမည့် အန္တရာယ်မြင့်မားနေသည်ဟု ရေအာဏာပိုင်များ၏ ပြောစကားများကို တရုတ် နိုင်ငံပိုင်မီဒီယာက ကိုးကားဖော်ပြခဲ့သည်။

ရေပမာဏသည် နောက်လာမည့်သုံး ရက်တွင် တိုးလာမည်ဟု မျှော်လင့်ရပြီး စက်တင်ဘာ ၁ ရက်တွင် အမြင့်ဆုံးဖြစ်လာမည် ဟု တရုတ်အစိုးရပိုင် CCTV က သတင်းဖော် ပြခဲ့သည်။

သြဂုတ် ၂၆ ရက်တွင် တိဘက်ရှိ အချက် အချာ နယ်စပ်မြို့ gyirong ကို ရွံ့များ၊ အ မှိုက်သရိုက်များ ဝင်ရောက်လာခဲ့ပြီးနောက် ရေကန်ဖြစ်လာခဲ့ပြီး လူရာဂဏန်းပျောက်နေ သည်ဟု ဖော်ပြခဲ့သည်။

“ခန့်မှန်းချက်အရ မိုးတွေ ဆက်တိုက် ရွာနေချိန် နောက်လာမယ့်သုံးရက်မှာ ကန်ထဲ ကို ရေစီးဝင်မှုဟာ ကုဗမီတာ သုံးသန်းခန့် ကို ရောက်လာနိုင်တယ်လို့ဆိုပါတယ်။ ဒါဟာ ကန်ပေါက်ထွက်မယ့် အန္တရာယ်ကိုမြင့်တက် စေပြီး ကန်အောက်ဘက်ကို ရုတ်တရက်ရေ ကြီးစေမယ့် ရေတွေစီးထွက်လာနိုင်ပါတယ်။ ရေစုန်အရပ်မှာရှိတဲ့ gyirong port နဲ့အခြားနေ ရာတွေမှာ ထပ်မံ ထိခိုက်ပျက်စီးစေနိုင်ပါ တယ်” ဟု သြဂုတ် ၂၇ ရက်ညပိုင်းတွင် ဆင်ဟွာက ဖော်ပြခဲ့သည်။

ထိုနေရာများတွင် နောက်လာမည့်သုံး ရက်တွင်မိုးရွာမည်ဟု ခန့်မှန်းထားသည်။

သြဂုတ် ၂၈ ရက် နံနက်ပိုင်းတွင် တိုးရစ် ၅၅၅ ဦးအပြင် နယ်ခံ ၄၉၉ ဦးကို ဘေး အန္တရာယ်ဇုန်၏အပြင်ဘက်သို့ ပို့ဆောင်ပေး ခဲ့သည်ဟု CCTV က ဖော်ပြခဲ့သည်။ တိုးရစ် များသည် မည်သည့် နိုင်ငံသားများဖြစ်သလဲ ဆိုသည်ကို ဖော်ပြခဲ့ခြင်းမရှိပေ။

နီပေါ်နှင့် တိဘက်တို့၌ ရေခဲမြစ် ပြိုဆင်း မှုနှင့်မြေငလျင်လိုမြေတုန်ခါမှု seismic activity နှင့် ရေစုန်အရပ်တွင် ပြင်းထန် လွန်းသောထိခိုက်မှုတို့ကို ဖြစ်ပေါ်စေခဲ့ သည်ဟု သြဂုတ် ၂၇ ရက်တွင် အမေရိကန် ဘူမိဗေဒလေ့လာရေး ဌာန USGS က ပြောကြားခဲ့သည်။

နောက်ဆက်တွဲ ပြင်းထန် သော ထိခိုက်မှုများကို ဖြစ်စေခဲ့သော ရေခဲ မြစ် ပြိုဆင်းမှုနှင့် အမှိုက်သရိုက်များစီးဆင်း လာမှုတို့က ကနဦးထုတ်ပြန်ခဲ့သော မြေင လျင်ကို ဖြစ်ပေါ်စေခြင်းမဟုတ်ဘဲ ငလျင်လို မြေတုန်ခါမှုကို ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်သည်ဟု USGS က ပြောကြားခဲ့သည်။

နီပေါနှင့် တိဘက် နယ်စပ်၏တစ်ဘက် စီကို စီးလာခဲ့သော ရေနှင့် အမှိုက်သရိုက်တို့ ဒလဟောစီးဆင်းမှုကြောင့် လူသေဆုံးမှုများ ပြားခဲ နှစ်ဖက်စလုံးတွင် လူရာချီ ပျောက်ဆုံး နေဆဲဖြစ်သည်။

သြဂုတ် ၂၆ ရက် စောစောပိုင်းတွင် ဖြစ်ပွားခဲ့ပြီးနောက် နာရီပိုင်းကြာသည်အထိ ဘေးအန္တရာယ်ဖြစ်ပွားရသည့်အကြောင်း ရင်းကို မသိရသေး သော်လည်း နီပေါနိုင်ငံခြား ရေးဝန်ကြီး ရှီရှာခါနယ်က မြေငလျင်က မြေပြိုခြင်းကို ဖြစ်စေရန် အလားအလာများ စေခဲ့ပြီး တစ်ဖန် မြေပြို ခြင်းက မြစ်ကြောင်းကို ပိတ်ဆို့လိုက်ပြီး ရေ တို့ အောက်ဘက်သို့ အ ရှိန်ပြင်းပြင်း စီးဆင်း သွားစေသည်ဟု ပြော ကြားခဲ့သည်။

အခြားဖြစ်နိုင်ခြေရှိသည်မှာ မခိုင်သော အမှိုက်သရိုက်တို့သည် ရေခဲမြစ် အရည်ပျော် သည့်အခါ သို့မဟုတ် ရေခဲတို့ပြိုဆင်းလာမှု ကို မထိန်းနိုင်သည့်အခါ ခဲနေသော ရေကန် ရေကြီးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

USGS က ပြောကြားရာတွင် နီပေါနှင့် တရုတ် နယ်စပ်အနီးတွင် သြဂုတ် ၂၆ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၃၇ မိနစ်တွင် အင်အား ၅ ဒသမ ၂ ရှိသော မြေတုန်ခါမှု ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။

“အဲဒါကို အင်အား ၄ ဒသမ ၄ ရှိတဲ့ မြေငလျင်ဖြစ်တယ်လို့ သ တင်းထုတ်ပြန်ခဲ့ပါ တယ်။ငလျင် တိုင်းတာရေး စခန်းတွေရဲ့ နောက်ထပ် ဆန်း စစ်ချက်၊ ငလျင်လှိုင်းတွေ အချိန်ကြာကြာ ဖြစ်ပေါ်မှု၊ ဂြိုဟ်တုဓာတ်ပုံ တွေကဖော်ပြနေ တာက တော့ ရေခဲမြစ်ပြို တာ၊ အမှိုက် စီးလာ တာတွေဟာ မြေငလျင်လို မြေကြီး တုန် ခါ တာကို ဖြစ်စေခဲ့တာဖြစ် ပါတယ်။ မြေငလျင် ဖြစ်ပေါ်တာမျိုးမရှိပါဘူး” ဟု USGS က ဆိုသည်။ Photo –afp

Afp - afp

မူရင်းသတင်း — Eleven Media Group