Myanmar National Post

မန္တလေးတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများ လှူဒါန်း


မန္တလေး၊ စက်တင်ဘာ ၂

မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း မြစ်ရေ၊ ဆည်ရေမြင့်တက်မှုများဖြစ်ပေါ်ခဲ့ရာ ရေများဝင်ရောက် ခဲ့သည့်နေရာဒေသများမှ ရေဘေးသင့်ပြည်သူများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က အခြေခံစားသောက်ကုန်များ၊ ထောက်ပံ့ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိပြီး စေတနာရှင်အလှူရှင်များကလည်း အလှူငွေများ လှူဒါန်းလျက်ရှိသည်။

ယမန်နေ့က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ စေတနာရှင်အလှူရှင်များက အလှူငွေများကို လှူဒါန်းရာ အလှူရှင်များဖြစ်သည့် မန္တလေးတိုင်းဒေသကြီး စီချွမ်နှင့်ချုံချင့် ကုန်သည်ကြီးများအသင်းမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက အလှူငွေကျပ် သိန်း ၅၀၀ ကို လာရောက်လှူဒါန်းရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့က လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်၍ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post