



ပခုက္ကူ၊ အောက်တိုဘာ ၁၇
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၆ခုနှစ်တက္ကသိုလ်ဝင်စားမေးပွဲ ပညရည်ချွန်ဆုနှင့်ဂုဏ်ပြုချီးမြှင့်ပွဲကို ယမန်နေ့မွန်းလွဲ ၂နာရီခွဲအချိန်က အဆိုပါတက္ကသိုလ်ရှိ ကျွန်းရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ရာ တက္ကသိုလ်ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ဂုဏ်ပြုအမှာစကားပြောကြားသည်။
ထို့နောက် ၂၀၂၆ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ၅ဘာသာဂုဏ်ရှင်(၄)ဦး၊ ၁ဘာသာဂုဏ်ထူးရှင် တစ်ဦး၊ ရိုးရိုးအောင်မြင်သူ ၃ဦး စုစုပေါင်းဝန်ထမ်းသားသမီး ၈ဦးတို့အား ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာကိုတင်တို့က ပညာရည်ချွန်ဆုနှင့်ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)
#Myanmar #News