Eleven Media Group

■ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူများအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူများအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ နယ်မြေ(၁၉)၊ ရပ်ကွက်(၁၂) အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေကြောင်း သတင်းအရလုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က အောက်တိုဘာ ၁၅ ရက် ညပိုင်းတွင် သွားရောက်ရှာဖွေစစ်ဆေး ခြင်းများဆောင်ရွက်ခဲ့ရာ အဆိုပါရပ်ကွက်၊ ဆင်းရွှေလီလမ်းသွယ်(၇)ရှိ နေအိမ်တစ်လုံး၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ကိုင်နေသူ မြန်မာနိုင်ငံသား အမျိုးသား ၃ ဦး အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၄ ဦးတို့အား ဖုန်းမျိုးစုံ ၆ လုံး၊ Laptop ၃ လုံး၊ 12V Battery ၁ လုံး၊ Solar ၁ ချပ်၊ Wifi စက် ၁ လုံး၊ အခြားဆက် စပ်ပစ္စည်းများအား မြန်မာငွေ ၂၀၅,၀၀၀ ကျပ်နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်

အဆိုပါ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူများအား လားရှိုးမြို့မရဲစခန်း၌ အီလက်ထရော နစ်ဥပဒေပုဒ်မ ၃၃ (က) ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အွန်လိုင်း လိမ်လည် လောင်းကစားမှုများ အခြေချလုပ်ကိုင်နိုင်ခြင်းမရှိစေရေးနှင့် အပြီးတိုင်ပပျောက်စေရေး တို့အတွက်အမြစ်ပြတ် တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group