Myanmar National Post

ပခုက္ကူမြို့၊ မဟာဝိသုတာရာမ(အလယ်)တိုက် ပဓာနမဟာနာယက နိုင်ငံတော်ဩဝါဒစရိယ ဆရာတော်မဟာထေရ်ကြီး ၏ အန္တိမအဂ္ဂိဈာပနသာဓုကီဠနပူဇာ သရဏဂုမ်တင်ရေစက်ချ








ပခုက္ကူ၊ စက်တင်ဘာ ၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မဟာဝိသုတာရာမ(အလယ်)တိုက် ပဓာနမဟာနာယက နိုင်ငံတော်ဩဝါဒစရိယ ဆရာတော် ဘဒ္ဒန္တပညာဇောတ(အဘိဓဇမဟာရဋ္ဌဂုရု) သက်တော် ၈၁နှစ်၊ သိက္ခာတော် ၆၁ရှိ မဟာထေရ်မြတ်ကြီး၏အန္တိမအဂ္ဂိ ဈာပန အန္တိမအဂ္ဂိဈာပနသာဓုကီဠနပူဇာ သရဏဂုမ်တင်ရေစက်ချအခမ်းအနားကို  စက်တင်ဘာလ ၃ရက် နံနက်၈နာရီခွဲအချိန် က ရွှေဘုံသာငွေဘုံသာတောင်၌  ကျင်းပပြုလုပ်သည်။  

ပထမဦးစွာ ကြွရောက်တော်မူလာကြသောဆရာတော်များက “သဗ္ဗေသင်္ခါရာ အနိစ္စာ”အစချီသော သံဝေဂသုံးဂါထာ ကို ရွတ်ဆိုပွားများ၍ အခမ်းအနားဖွင့်လှစ်ကြပြီး ရေနံချောင်းမြို့ ရွှေတောင်ပါဠိတက္ကသိုလ် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တတေဇနိယဆရာတော်အရှင်သူမြတ်က ငါးပါးသီလချီးမြှင့်တော်မူသည်။

ထို့နောက် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများ၊ ခရိုင်သာသနာရေးမှူးနှင့်ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ ဘုရားဂေါပကအဖွဲ့ဝင်များ၊ ဆရာတော်ကြီးဆွေမျိုးများက လှူဖွယ်ပစ္စည်းဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော် ကြီး၏ ထေရုပ္ပတ္တိ ဖတ်ကြားပူဇော်ကြသည်။

ဆက်လက်၍  ရန်ကုန်မြို့ ပရိယတ္တိသာသနတက္ကသိုလ် ပါမောက္ခချုပ် အဘိဓဇမဟာရဋ္ဌဂုရုဆရာတော် ဘဒ္ဒန္တကုမာရ ဆရာတော်အရှင်သူမြတ်က ရေစက်ချအနုမောဒနာတရားချီးမြှင့်တော်မူပြီး အနိစ္စာဝတ သင်္ခါရာ” အစချီသော သုံးဂါထာကို ရွတ်ဆိုပွားများ၍ အခမ်းအနားကို ရုပ်သိမ်းကြကြောင်း သိရသည်။

                                                                                                      

ဘာမီသာ(ပခုက္ကူ)

#News #Myanmar

မူရင်းသတင်း — Myanmar National Post