Myanmar National Post

ပုဇွန်တောင်မြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထပ်မံကူးစက် ပြန့်ပွားမှုမရှိစေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်








ပုဇွန်တောင်၊ စက်တင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော် မတီကြီးကြပ်မှုဖြင့် မိုးရာသီအတွင်း ဖြစ်ပွားတတ်သော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင် ကာကွယ်ရေးနှင့်ထပ်မံကူးစက်ပြန့်ပွားမှုမရှိစေရေး  လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက် ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဦးဆောင်၍ အမှတ်(၂) ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။  

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန်းလှထွန်းနှင့် ဝန်ထမ်းများ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းများ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များပူးပေါင်း၍ အမှတ်(၂) ရပ်ကွက်အတွင်း ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသည့် လူနာနေအိမ်နှင့်ပတ်ဝန်းကျင်များ၊ ရပ်ကွက်နေ ပြည်သူများ၊ အစားအသောက်ရောင်းချသည့် စျေးဆိုင်များ၊ Ocean  Super Center တို့အား ဝမ်းပျက် ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ကူးစက်မှုမရှိစေရေးအတွက် အသိပညာပေးခြင်း၊ သောက် ရေများ ရေသန့်ဆေးခတ်ခြင်းနှင့် သုံးရေများ Chlorine ဆေးခတ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွား သည့် လူနာနှင့်ထိတွေ့သူများအား ကြိုတင်ကာကွယ်ဆေးတိုက်ကျွေးခြင်း၊ လူနာနေအိမ်နှင့်ပတ်ဝန်း ကျင်အား ပိုးသတ်ဆေး(Dettol) ဖြန်းခြင်းများ စသည့် ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ် ခြင်းလုပ်ငန်းများ  ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ဟန်စုယဉ်

#News #Myanmar

မူရင်းသတင်း — Myanmar National Post